စည်းကမ်းနှင့် နေကြပါလျှင် ပြန်ဆောက် ၊ ပြန်ပြင် ၊ မီးလောင် ၊ လေပြင်းတိုက် ၊ ရေကြီးလို့ တစ်တိုက်လုံးပြိုကျသွားလည်း ဖယ်စရာမလိုပါ ။
( ငှားရမ်းကြီးကြပ် - ၁၂/၁ (ဃ/င) ၊ ပစ္စည်းလွှဲ - ၁၀၈ဘီ (င) )
သဘောရိုးနဲ့နေမယ် ၊ စံငှားရမ်းခ (လခ) လည်းပေးမည် ဆိုတာကို ကြီးကြပ်ရေး ဝန်ကလက်ခံလိုက်ရင် “အိမ်ငှား” ဖြစ်သွားပါပြီ ၊ ထိုအရာသည် “ကျူး”တို့ အခွင့်အရေးဖြစ်ပါသည် ။
( ငှားရမ်းကြီးကြပ် - ၁၃/၁ )
ဘယ်အိမ်ဘယ်အခန်းဖြစ်ဖြစ် (၁) နှစ်ထိငှားပါ ။ ကွန်ဒိုအစစ်ဆိုရင် ကြိုက်သလောက်ကြာကြာငှားပါ ။
( ၁၉၈၇ မရွေ့ကန့်သတ် ပုဒ်မ - ၅ ၊ ကွန်ဒိုပုဒ်မ - ၂၆ (ဃ) )
အိမ်လခမပေး ၊ ဘေးကိုနှောက်ရင် ၊ အိမ်ပျောက်ရင် ၊ အမှန်ဆောက်ချင် ၊ အိမ်ပြုပြင်မှ အိမ်ငှားတွေဖယ်နိုင်မည် ။
( မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက် ဥပဒေ )
အစိုးရခန့်အပ်သူဖြစ်သည် ။ အိမ်ငှားခွင်ကို ထိုသူက ခွင့်ပြုသည် ။ အိမ်ငှားခကိစ္စ ထိုသူကသာ စစ်ဆေးရသည် ။ ဥပဒေ မနာခံလျှင်လည်း ငွေဒဏ်နှင့် ထောင်(၃)လ ကျနိုင်သည် ။ အငှားအိမ်တွေ လိုက်စစ်နိုင်သည် ။ လခတိုး / လျှော့သူအမိန့်ပဲ ၊ လကြိုယူလည်း (၁)လ ၊ အိမ်ရှင်လခ မယူရင် ထိုသူကို ကိုယ်စားပေးခွင့်ရှိသည် ။
( ငှားရမ်းကြီးကြပ် - ၂(ခ) ၊ ၂၀(၁) ၊ ၁၉ ၊ ၂၂ ၊ ၂၉ ၊ ၂၇ ၊ ၂၈(၁) ၊ ၁၀ ၊ ၁၆(၁) )
ဥပဒေမှာကတော့ အိမ်လခ မှန်မှန်ပေးပြီး ၊ ပတ်ဝန်းကျင်ကို မနှောင့်ယှက်ဘူးဆိုလျှင် အိမ်ကိုလည်း မပျက်စီးစေဘူးဆိုလျှင် အိမ်ငှားတို့ကို ပြန်လည်ဖယ်ထုတ်ရတာ ခက်လှပါသည် ။
စာချုပ်ကို လေးစားမှု တရားမျှတမှု ၊ သာနာညီမျှစေမှုနှင့် မွန်မြတ်သော အသိတရားတို့ အရသာပြန်လည်ဖယ်ရှားပေးနေကြတာဖြစ်သည့်အတွက် သတိဖြင့်သာ ငှားရမ်းကြပါ ။
( မြို့ပြဆိုင်ရာ ကြီးကြပ်ရေးအက် - ၁၂(၁) ၊ ၁၆(၁) အရ )
မမှန်ကန်မှန်းသိပါလျက် နှင့် သက်သေခံခြင်း ၊ ကျမ်းကျိန်ခြင်း ၊ စာချုပ်တုများ ပြုလုပ်ခြင်း ၊ စာချုပ်ဂရံရောင်းခြင်း ၊ ပေါင်ခြင်း ၊ မဆောက်သည့်တိုက် လိမ်ခြင်း ရောင်းခြင်း မလုပ်ကြပါနှင့် ။ ရာဇဝတ်မှု ဖြစ်သည် ။
( ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၉၃ ၊ ၄၀၆ ၊ ၄၂၀ )
အခြားသူ အပြစ်ကျူးလွန်တာကို “အားပေးကူညီမှု” တို့ “ပူးပေါင်းကြံစည်မှု” တို့ ပိုင်ဆိုင်မှုမသေချာဘဲ ခြံခတ်တာတို့သည် အပြစ်ကြီးပါသည် ။
( ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၁၄ ၊ ၃၄ ၊ ၄၄၃ )
မည်သူမဆို နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားလျှင်ဖြစ်စေ ၊ နိုင်ငံခြားတွင် နိုင်ငံသားအဖြစ်ခံယူလျှင်ဖြစ်စေ ၊ ၎င်းပိုင် မပြောင်းမရွေ့နိုင်သော ပစ္စည်းများကို
(က) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်း
(ခ) ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း ပြုလုပ်ပါမည် ။
( ၁၉၈၇ မရွှေ့ကန့်သတ်ပုဒ်မ - ၆)
- တရားဝင် အိမ်ခြံမြေ ရောင်းဝယ်ခြင်း ။
- မိမိပိုင်တဲ့ အိမ်ခြံမြေကို မေတ္တာဖြင့် အပိုင်ပေးခြင်း ။
- မိမိခြံထဲတွင် မိမိတိုက်ကို မိမိဆောက်ခြင်း ။
- တိုက်ခန်း/ကွန်ဒိုခန်း ဝယ်ယူ/ရောင်းချခြင်း ။
မိမိရောင်းသည့်/ဝယ်သည့်တိုက်/မြေ/တိုက်ခန်း တို့၏ တန်ဖိုးကို မသိဘဲ အခွန်ဆောင်၍ မရပါ ။ တံဆိပ်ခေါင်းဝယ်ခွင့်လည်း ရမည် မဟုတ်ပါ ။ ထို့ကြောင့် “ရာဖြတ်” တန်ဖိုးဟု ပြောသည့် “ကာလတန်ဖိုး စီစစ်ရေးအဖွဲ့” ၏ သတ်မှတ်သည့် ဈေး(တန်ဖိုး)ကို အရင်ရယူ/တောင်းခံရပါမည် ။
(အိမ်ခြံမြေ ဘာငှားငှား ရငွေတို့၏ ၁၀% သီးခြား ဆောင်ရပါမည်)
- ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ ပုဒ်မ-၁၉/ခ မှာ ၁၀% သီးခြားဆောင်ရမည်ဟုပါသည် ။ သက်သာခွင့်လည်းရှိသည် ။
- အခြေခံသက်သာခွင့်က ရငွေအားလုံး၏ ၂၀% သက်သာခွင့် ။
- မိန်းမ/ယောက်ျား (ရှိလျှင်) ၁၀သိန်း သက်သာခွင့် ။
- အတူနေမိဘ (၂)ဦး (ရှိလျှင်) ၂၀သိန်း သက်သာခွင့် ။
- သားသမီး ၁ယောက်လျှင် ၅သိန်းစီ သက်သာခွင့် ။
- အလှူငွေတို့အတွက် သီးခြား သက်သာခွင့် ။
( အဆိုပါ သက်သာခွင့်တွေကို နှုတ်ပြီး ကျန်ရငွေ စုစုပေါင်း၏ ၁၀% ကိုသာ ဆောင်ကြရပါမည် )
၅% = အခွန်ဆော်တံဆိပ်ခေါင်း ၊ မြို့နယ်အခွန်ဦးစီးမှာ ဝယ်ရသည် ။
၁၀% = အိမ်ခြံမြေ ဘာငှားငှား ရငွေ၏ ၁၀% ပိုင်ရှင်က သီးခြားဆောင်ပါ ။
၁၅% = ငွေဖြူမရှိပါက သိန်း ၃၀၀ အောက် ၁၅%
၂၀% = သိန််း ၁၀၀၀ ထိ ၂၀%
၃၀% = သိန်း ၁၀၀၀ အထက် ၃၀%
- မှတ်ပုံတင်စာချုပ်မှ ရောင်း/ဝယ်ကိစ္စ တရားဝင်ခိုင်မာပါသည် ။
- အခွန်တော်တံဆိပ်တွေကပ်မှ မှတ်ပုံတင်စာချုပ်ဆိုလို့ရပါသည် ။
- ၁၅% ၊ ၂၀% ၊ ၃၀% တို့တွင် ငွေဖြူ/ငွေမဲ ရှင်းပြီးမှသာ အခွန်တော်ခေါင်း ၅% ကလည်း ဝယ်လို့ရမှာပါ ။
- အငှားကိစ္စတွင် ဘာငှားငှား ရငွေအားလုံး၏ ၁၀% ပေးဆောင်ရပါသည် ။
( အခွန်အကောက် ပုဒ်မ - ၁၉/ခ ၊ ၂၄ )