စာရွက်စာတမ်းအရင်စစ် ၊ ငွေကိုအပြည့်ပေး ၊ မှတ်ပုံတင် စာချုပ်ကိုယ်တိုင်လုပ်ရပါသည် ။
(ပစ္စည်းလွှဲ - ၅၅ (၅/ခ))
စရံချပြီး ဝယ်ရသလိုမျိုးဖြစ်ပါသည် ။ ဆက်မဝယ်ဖြစ်လျှင် စရံစာချုပ်ပါ အချက်အလက်တွေအတိုင်း ရှေ့ဆက်ရပါမည် ။
(ပဋိညာဉ် အက် - ၃၇)
အိမ်ခြံမြေစာချုပ်မှတ်ပုံတင်ဖို့အတွက် ရာဖြတ်တင််ရသည့် အလုပ် ၊ အခွန်တော်တံဆိပ်ခေါင်းဝယ်ရမည့် အလုပ်နှင့် ငွေဖြူ (ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ) ကိစ္စတို့ကို “မြေဝယ်ယူသူ” က တာဝန်ယူဆောင်ရွက်ရပါတသည် ။
( စာချုပ်စာတမ်း မှတ်တမ်းတင်ချုပ်ဆိုခြင်း နှင့် ပတ်သတ်၍ )
မြန်မာနိုင်ငံတွင်ရှိနေပါသော မြေမှန်သမျှကို နိုင်ငံတော်က ပိုင်ပါသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ပြဌာန်းဖော်ပြထားပြီးဖြစ်ပါသည် ။
( ၁၉၇၄ ဖွဲ့စည်းပုံ အပိုဒ် - ၁၈ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အပိုဒ် - ၃၇ )
လ/န ဆိုတာက ၁၉၅၃ - ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေဖြစ်ပါသည် ။ ၂၀၁၂ - ခုနှစ်တွင် ဖျက်သိမ်းပြီး ဖြစ်ပါသည် ။ သို့သော်လည်း လ/န ၃၉ မှာ “လယ်ယာမြေ” မှ “လူနေမြေ” အဖြစ်သို့ ပြောင်းလဲနိုင်သော ပုဒ်မဖြစ်ပါ၍ လူသိများလှပါသည် ။
( ၁၉၅၃ လ/န ဥပဒေနှင့် ၂၀၁၂ - လယ်ယာမြေ ဥပဒေ )
၁၉၅၃ - ခုနှစ်မှ ၂၀၁၂ - ခုနှစ် အထိ “လယ်ယာမြေ” ကို ရောင်း၊ပေါင်၊ငှားလဲ ပေးခွင့်မရှိပါ ။ ဥပဒေဖြင့် ဝရမ်းဖမ်းသိမ်းဆည်းခြင်းပင် ပြုလုပ်ခွင့်မရှိခဲ့ပါ ။
( လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက် ဥပဒေ ပုဒ်မ - ၃၇ အရ )
စိုက်လို့ရတဲ့ မြေအားလုံးကို “လယ်ယာမြေ” ဟုခေါ်ပြီး ဆန်စပါး တစ်မျိုးတည်း အဓိကထားစိုက်လျှင် “လယ်မြေ” ဟုခေါ်ပါသည် ။
( လယ်ယာမြေဥပဒေ ပုဒ်မ - ၃(က) )
ခေတ်စနစ် နှင့် လျှော်ညီသည့် “လယ်ယာမြေဥပဒေ” ကို ၂၀၁၂ - ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြဌာန်းပါသည် ။ ၁၉၅၃ - ခုနှစ် လ/န ထက်ပိုမို ပြည့်စုံကောင်းမွန်သော ဥပဒေတစ်ရပ် ဖြစ်ပါသည် ။
( ၂၀၁၂ - ခုနှစ် လယ်ယာမြေဥပဒေ )
စည်းကမ်းနဲ့ညီညွတ်သော “လယ်ယာမြေ” တိုင်းကို “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်” ပုံစံ(၇) ထုတ်ပေးပါသည် ။ ထိုပုံစံ(၇)တွင် မြေစာရင်းပုံစံ ၁၀၅ ဟုခေါ်သော “မြေပုံ” နှင့်တကွ စည်းကမ်းချက် (၁၂)ချက် ပါရှိပါသည် ။ ပုံစံ(၇)၏ စည်းကမ်းအမှတ်(၇)တွင် ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း မသုံးရဟု ပါရှိပါသည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၈ အရ )
ပုံစံ (၇) ရှိသူတိုင်း ထိုပုံစံ (၇) ကို ရောင်း ၊ ပေါင် ၊ ငှား ၊ လဲ ၊ ပေးကမ်း ၊ အမွေပေးခွင့်ရကြပါသည် ။ သို့သော် မြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုကြရပါမည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ ၉ (ခ) ၊ ၁၂ (ဂ) အရ )
“ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့” သည် မည်သည့် “လယ်ယာမြေ” ကို မဆို ရာသီသီးနှံ ပြောင်းလဲစိုက်ပျိုးခွင့် ပြုနိုင်ပြီး အခြားနည်းအသုံးခွင့်လဲ ပေးနိုင်ပါသည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၂၈ (က) ၊ ၃၀ (က) အရ )
“တိုင်း/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” တွေကတော့ “လယ်မြေမပါသော လယ်ယာမြေ” ကိုသာ ရာသီသီးနှံပြောင်းလဲ စိုက်ပျိုးခွင့် နှင့် အခြားနည်း အသုံးပြုခွင့် ပေးနိုင်ပါသည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၂၈ (ခ) ၊ ၃၀ (ခ) အရ )
ပုံစံ (၇)က စည်းကမ်း (၁၂) ချက် ဖောက်ဖျက်လျှင်တော့ (က)ငွေဒဏ် ၊ (ခ)နှင်ထုတ်သင့်သူများကိုနှင်ထုတ်ခြင်း နှင့် (ဂ)ခွင့်ပြုချက်မရှိသော အဆောက်အအုံများကို ဖယ်ရှားပစ်ခြင်း စသဖြင့်အမိန့်များ ချမှတ်နိုင်ပါသည် ။ ဦးတိုက်လျှောက်ထား၍ တရားလည်းစွဲဆိုနိုင်ပါသည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၁၉ နှင့် ၂၀ တို့အရ )
လယ်ယာမြေကို သိမ်းဆည်းခြင်းရှိခဲ့ပါက “မူလ အမည်ပေါက်” ပုံစံ (၇) လက်ဝယ်ထားသူသည်သာလျှင် ပြည့်ဝသော လျော်ကြေးကိုခံစားရမည်ဖြစ်ပါသည် ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၂၆ အရ )
ခွင့်ပြုချက်မရှိဘဲ ရာသီ သီးနှံပြောင်းရင် ၊ အခြားနည်းသုံးရင် ၊ နိုင်ငံခြားသား ရောင်း/ငှားလုပ်ရင် ဗဟိုလယ်စီက သိမ်းပါမည် ။ လျှော်ကြေးမပေးပါ ။
( လယ်ယာမြေ ဥပဒေ ပုဒ်မ - ၂၇ )