အိမ်ခြံမြေတို့၏ပိုင်ရှင်သေဆုံးလျှင် အမွေကို (၁) ဇနီး(သို့)ခင်ပွန်း ၊ (၂) သား/သမီးများ (မွေးစား/လင်ပါ/မယားပါ) ၊ (၃) မြေးများ ၊ (၄) မြစ်များ ၊ (၅) ညီအကိုမောင်နှမများ ၊ (၆) မိဘ ၊ (၇) ဘိုးဘွားများ ၊ (၈) တူ/တူမများ ၊ (၉) ဦးကြီး/ဦးလေး ၊ ဒေါ်ကြီး/ဒေါ်လေး ၊ (၁၀) တူ/တူမ၏ သားသမီးများ ၊ (၁၁) တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ ။
( ဦးဖေကြီး နှင့် ဦးပျို ၃ ၊ ရန်ကုန် မညှာ နှင့် မအုန်းဘွင့် ၊ ၉ ၊ LBR စုံခုံညီ )
- အိမ်ထောင်ကြီးချင်း လက်ထပ်ကြလျှင် ပါရင်း အိမ်ခြံမြေ ပိုင်ဆိုင်မှု စာရင်းရှင်းရန်မလိုပါ ။
( မောင်ရွှေသာ/မဝိုင်း LBR – 48 )
- သို့သော် တစ်ဦးဦးသေဆုံးလျှင်တော့ လင်သေမယားပိုင် ၊ မယားသေလျှင် လင်ပိုင်ဆိုင်ကြမှာပါ ။
( မကောင်းကြည့်/မဖွားစိန် ၊ ၁၉၈၆ မတစ-၆၂ )
( သက်ဆိုင်ရာ တရားရုံးများက ခွဲဝေပေးမှသာ အတည်ဖြစ်ပါသည် )
- လင်မယားချင်းအခါ (၁၀၀) ရန်ဖြစ်ကြပါစေ ၊ တရားရုံးမှာ “ကွာရှင်းခွင့်”မရမချင်း နှစ်ဦးပိုင်ပစ္စည်းများ ခွဲဝေခွင့်မရှိပါ ။
( ဦးစိုးမြင့်/မခင်စိုးဝင်း ၊ ၁၉၈၄ မတစ ၊ ၆၉ ၊ ၇၀ )
- နှစ်ဦးပိုင်ပစ္စည်းတို့မှာ ဂရံအမည်ဘယ်သူပေါက်ပေါက် ၊ လက်ထပ်ပွား “မြေ” သာဖြစ်ပါစေ လင်မယား (၂) ဦးပိုင်ပါသည် ။
( ဦးသိန်းနိုင်/ဒေါ်အေးအေး ၊ ၁၉၉၂ ၊ မတစ ၊ ၁၅၉ )
ထို့ကြောင့် လင်မယားပိုင်မြေကို တစ်ယောက်ထဲ က ရောင်းရင် သတိထားရပါမည် ။
- ဂရံအမည်ဘယ်သူပေါက်ပေါက် “လက်ထပ်ပွား”မြေသာဖြစ်ပါစေ ၊ လင်မယား (၂) ဦး ပိုင်သည် ။
( ဦးသိန်းနိုင်/ဒေါ်အေးအေး ၊ ၁၉၉၂ ၊ မတစ ၊ ၁၅၉ )
- လင်ထောင်ကျနေတုန်း ဇနီးက အိမ်ထောင်သစ်ထူလျှင် ဂရံအမည်ပေါက်နေပါစေ ထိုဇနီးကို ပိုင်ဆိုင်ခွင့်မပေးပါ ။
( မောင်အောင်ဖြူ/မသက်နှင်း ၊ ၈ ၊ LBR -50 )
- မိဘနှစ်ပါး စိတ်ဆိုးပြီး ပိုင်ဆိုင်သည့်အိမ်ခြံမြေတို့ကို အမေနှင့်အဖေတို့ခွဲယူကြလည်း အပြစ်မဲ့ သားသမီးတို့၏ ရပိုင်ခွင့်ကို မထိခိုက်ပါ ။
( ဦးထန်မှတ်/ဦးဘသိန်း ၊ ၁၉၆၂ ၊ မတစ ၊ ရုံးချုပ်-၃၄ )
- မိဘနှစ်ပါးက စိတ်ဆိုးပြီး သားသမီးတွေကို အမွေပြတ်ကြောင်း သတင်းစာမှာကြော်ငြာလည်း သားသမီးတို့ရဲ့ ရပိုင်ခွင့် “အိမ်ခြံမြေ”တွေကို မထိခိုက်ပါ ။
( ဦးခင်မောင်စိုး/ဒေါ်မေဘမောင် ၊ တရားရုံးအယူခံ ၄၉/၅၀ - ၂၀၀၅ )
“ပွဲခ” ရဖို့အတွက် ရောင်းသူနှင့် ဝယ်သူတို့ကို ချိတ်ဆက်ပေးခြင်း ရှိရမည်ဟု စီရင်ထုံးတစ်ခုမှာရှိထားရပါမည် ။
ထို့ကြောင့် လက်တွေ့မှာ “ပွဲခပေးပါ့မယ်ဆိုတဲ့ကတိ” နဲ့ “ချိတ်ဆက်ပေးမှု” ရှိခဲ့လျှင် ပွဲခရထိုက်သည် ဟု ဆိုလိုခြင်းဖြစ်သည် ။
( ဒေါ်ဒီဇူဇာ နှင့် ဒေါ်မက္ကင်း ၊ ၁၉၅၂ တရားမအယူခံ - ၇၂ )
1953 Burma law Reports . Pg – 40
ပေ ၂၀၀ x ပေ ၂၀၀ = တစ်ဧက
ပေ ၁၀၀ x ပေ ၂၀၀ = ဧကတစ်ဝက် (ငါးမူး)
ပေ ၁၀၀ x ပေ ၁၀၀ = ဧက ၁/၄ (တစ်မတ်)
ပေ ၅၀ x ပေ ၁၀၀ = ဧက ၁/၈ (တစ်မူး)
( အတိအကျမှာ ၂၀၈.၈ပေ x ၂၀၈.၈ပေ = ၄၃၅၉၇ (စတုရန်းပေ) )
“မြေလွတ်မြေလပ်” ဆိုတာ အရင်က စိုက်ပျိုးပြီး ယခုမစိုက်ပျိုးတော့သည့်မြေ ။
“မြေရိုင်း” ဆိုတာ တစ်ကြိမ်တစ်ခါမျှ မစိုက်ဖူးသည့်မြေ ။
စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ဓာတ်သတ္တု နှင့် အခြားခွင့်ပြုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုပြီး လျှောက်ထားသုံးစွဲခွင့်ရကြသည့်သူတွေ အများကြီးရှိပါသည် ။
( မြေလွတ် ၊ မြေလပ် ၊ စီမံခန့်ခွဲရေး ဥပဒေ ၂(င) ၊ ၂(စ) နှင့် ၃ တို့အရ )
ဂရံပျောက်လည်း ကျမ်းကျိန်ရ ၊ ပါမစ်ပျောက်လည်း ကျမ်းကျိန်ရ ၊ သားသမီးဖြစ်ကြောင်းလည်း ကျမ်းကျိန်ရ ၊ တစ်ဦးတည်းသော ဇနီးဖြစ်တယ် ဟုလည်း ကျမ်းကျိန်ရ ။ မှန်တာတွေ ကျမ်းကျိန်လျှင် ကိုယ့်အတွက် အားသာမှုရှိလာသလို မမှန်တာ ကျိန်ဆိုလျှင်တော့ ငွေဒဏ် ၊ ထောင်ဒဏ် ထိနိုင်ပါသည် ။ အိမ်ခြံမြေကိစ္စရပ်များတွင် အများဆုံးတွေ့ရတာကတော့ “ ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်းနှင့် ပါဝါ ပြန်လည် မရုတ်သိမ်းသေးကြောင်း ကျမ်းကျိန်လွှာ” ဖြစ်ပါသည် ။
( ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၁၉၃ အရ )
- ဝယ်လို့ရပါသည် ၊ အမည်ပေါက်ဝယ်လို့ရပါသည် ။
- သို့သော် (၁၈) နှစ်မပြည့်မချင်း ပြန်ရောင်း၍မရပါ ။
- ဝယ်ပေး၍ ရပါသည် ။ ပြန်ရောင်းခွင့် မရှိဘူး ဟု မှတ်သားထားရမည် ။
( The Majority ACT နှင့် ပစ္စည်းလွှဲပြောင်း ပုဒ်မ ၅၄ (ည) အရ )
- အိမ်တစ်အိမ်တွင် အဖေဖြစ်သူက “အမည်ပေါက်” ပိုင်ရှင် ၊ အမေဖြစ်သူက “မှီခို” ၊ သားသမီးတွေက “အမွေဆိုင်” တွေဖြစ်ပါသည် ။ ဒရိုင်ဘာ လင်မယားမှာ အဖေဖြစ်သူ၏ “ခွင့်ပြုချက်”ဖြင့် နေကြရပြီး ခြံဒေါင့်က “ကျူးကျော်” အိမ်ကလေးမှာ ကြာပါပြီ ။
- ဘေးခြံက “အိမ်ငှား”တွေ ၊ အရှေ့ခြံက “အရပ်စာချုပ်” နဲ့ဝယ်နေကြတာပါ ။ အနောက်ခြံက “အပေါင်ခံပြီးတော့နေကြတာ” ကြာပြီဖြစ်သည် ။
(ဘယ်လိုပုံစံမျိုးနဲ့နေပါစေ ဥပဒေအရ ထိုသူတို့ကို “လက်ဝယ်ရှိသူများ” တဲ့ ဖယ်ရတာ မလွယ်လှပါဘူး )
(သတိပြုရန်)
- ကိုယ်ပိုင်တဲ့အိမ်ကို တစ်ဦးဦးက “ပိုင်ရှင်ကို ဆန့်ကျင်၍” လက်ရှိ (၁၂) နှစ်ကြာနေပြီးပြီဆိုလျှင် ဖယ်ရှားဖို့ “တရားစွဲဆိုခွင့်” မရှိတော့ပါဘူး ။
- (၁၂) နှစ်ဆိုတာက “ဆန့်ကျင်ပြီးလက်ရှိ”နေမှဖြစ်ပါသည် ၊ ငှားနေတဲ့နှစ်တွေ ၊ ခြံစောင့်ခိုင်းတဲ့နှစ်တွေ ထည့်တွက်၍ မရပါ ။
- ဆက်ပြီး တရားစွဲဆို၍သာ မရတာဖြစ်ပြီး စာရွက်တွေပေါ်မှာတော့ မိမိပိုင်ဆိုင်နေတုန်းသာဖြစ်ပါသည် ။
( ကာလစည်းကမ်းသတ် ဥပဒေ ပုဒ်မ - ၂၈ အရ )
ချို့ယွင်းတာရှိရင် ပြောထားရမည် ၊ လက်ရောက်ပေးအပ်ရမည် ၊ သဘာဝကြောင့် ပျက်ရင် အိမ်ရှင်ပြင်ပေးရပါသည် ။
( ပစ္စည်းလွှဲ - ၁၀၈ အေ (က/ခ) )
အိမ်လခ မှန်မှန်ရမည် ၊ တိုတောင်းခွင့်လည်းရမည် ၊ စည်းကမ်းနှင့် ညီ/မညီ လည်း စစ်ဆေးနိုင်သည် ၊ စည်းကမ်းပျက်လျှင်လည်း တရားစွဲဖယ်ထုတ်နိုင်ပါသည် ။
( ငှားရမ်းကြီးကြပ် - ၂၇/၁ ၊ ၁၂/၁ ၊ ပစ္စည်းလွှဲ - ၁၀၈ ဘီ (ဍ) )
အိမ်လခမှန်မှန်ပေးရမည် ၊ ပတ်ဝန်းကျင်ကို မနှောင့်ယှက်ရပါ ၊ အကြောင်းမဲ့ အိမ်ကို မဖျက်စီးရပါ ။
( ငှားရမ်းကြီးကြပ် - ၁၂/၁ (က/ဂ) )