- လယ်စိုက်ချင်ဝယ်လျှင် “လယ်မြေ” ဝယ်ပါ ။
- လယ်ယာလုပ်ချင်ရင် “လယ်ယာမြေ” ဝယ်ပါ ။
- လူနေဖို့ရည်ရွယ်ပြီးဝယ်ယူပါက အခြားနည်းသုံးခွင့်လိုပါတယ် ။
- “အခြားနည်းသုံးခွင့်” (သို့) “လူနေမြေဖြစ်ဖို့” ဆိုတာ ထင်သလောက်မလွယ်ပါဘူး ။
( လယ်ယာမြေ ဥပဒေ ၊ အပိုဒ် ၃၀ (က) (ခ) အရ )
- ရွာမြေဆိုတာ “လူနေမြေ ”ဖြစ်လို့ အရမ်းကောင်းပါသည် ။
- ၂၀၁၅ ၊ နိုဝင်ဘာကစပြီး တစ်နိုင်ငံလုံးမှာ “ကျေ’ရွာ မြေငှားဂရံ” တွေ ထုတ်ပေးနေသည် ဟု တရားဝင် ကြေညာထားပြီးဖြစ်ပါသည် ။
- သို့ဖြစ်ပါ၍ “တိုးချဲ့ကျေးရွာမြေ” တွေဆိုပြီး အလိမ်အညာ ကိစ္စလေးတွေကတော့ ရှိလာတတ်ပါသည် ။ ထို့ကြောင့် သတိထားဖို့ လိုအပ်ပါသည် ။
( မြို့နယ်မြေစာရင်း ဦးစီးဌာနကို အားကိုးရန်လိုအပ်ပါသည် )
- စရံပေး/လက်ခံသူ သေဆုံး၍ ပျက်ကွက်လျှင်တော့ အမွေဆိုင် (သို့) ကိုယ်စားလှယ်က ဆက်ပြီး ဆောင်ရွက်နိုင်ပါသည် ။
- ရိုးရိုးပျက်ကွက်လျှင် ၊ စာချုပ်ပါအတိုင်း (၂)ဆ ၊ (၃)ဆ လျော်တာ (သို့) စရံဆုံးတာမျိုး ဖြစ်နိုင်ပါသည် ။
- စရံစာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်နိုင်မှုနဲ့လည်း တရားစွဲနိုင်ပါသည် ။
- အိမ် ခြံ မြေ တည်နေရာ “မြို့နယ်တရားရုံး” ကသာ စီရင်ပိုင်ခွင့် ရှိပါသည် ။
(ပဋိညာဉ် အက်ဥပဒေ ပုဒ်မ - ၃၇ ၊ ပစ္စည်းလွှဲ - ၅၅ (၁) (စ) အရ )
- ပဋိညာဉ် ဥပဒေမှာတော့ စာချုပ်တစ်စောင်ဖြစ်ဖို့ တော်တော်ခက်ပါသည် ။
- သို့သော် မိမိလုပ်ဆောင်ရမည့် ကိစ္စပေါ်လွင်ရမည် ။
- တဖက်လူလုပ်ချင်သောအရာနှင့် မိမိဖြစ်ချင်တာ တို့ကို မျှတစေရပါမည်
- စာချုပ်တံဆိပ်ခေါင်း ပြည့်စုံခြင်း ၊ ဂုဏ်သရေရှိ သက်သေ(၂)ဦး ရှေ့မှာ ချုပ်ဆိုခဲ့ကြမည်ဆိုပါလျှင် လွဲမှားနိုင်စရာအကြောင်းမရှိပါ ။
( သက်သေတို့၏ အမည် ၊ လက်မှတ် ၊ လက်ဗွေ ၊ မှတ်ပုံ ၊ လိပ်စာအပြည့်စုံ သေချာရပါမည် )
- အသိသက်သေကို ခေါ်ယူစစ်ဆေးခြင်း မပြုလျှင် (သို့) မပြုနိုင်လျှင် ထိုစာချုပ်သည် သက်သေခံမဝင်ပါ ။
- အသိသက်သေလက်မှတ်မပါရှိသော စာချုပ်သည်လည်း စာချုပ်မဟုတ်ပါ ။
- တံဆိပ်ခေါင်းခွန် မရှိသော စာချုပ်သည်လည်း စာချုပ်မဟုတ်ပါ ။
( သက်သေခံ ဥပဒေ ပုဒ်မ - ၆၈ နှင့် ၇၀ ၊ ပစ္စည်းလွှဲ - ၅၃ (က) )
( ဦးစစ်အေးနှင့် ဦးကျင်ရွှေ ၊ ၁၉၈၉ ၊ မတမ ၊ စာ-၂၄ )
စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ သက်သေတို့က ငြင်းဆိုလျှင် (သို့) မမှတ်မိလျှင် “လက်ဗွေ”က စကားပြောပါလိမ့်မည် ။
( သက်သေခံ ဥပဒေ ပုဒ်မ - ၇၁ နှင့် ၇၃ အရ )
စာချုပ်စာတမ်းတို့သည် စာချုပ်ပါကိစ္စပြီးဆုံးခြင်း ၊ ၂ဦး သဘောတူဖျက်သိမ်းခြင်း ၊ စာချုပ်ပါအချက်တို့ မဖြစ်နိုင်တော့ခြင်း ၊ ဥပဒေ တစ်ရပ်ကြောင့် ၊ စာချုပ်ပါစည်းကမ်းချက်တို့ကြောင့် ၊ တရားစွဲ၍ မရတော့ခြင်း ဖြစ်မှသာလျှင် ပျက်ပြယ်ကြရပါသည် ။
( ပဋိညာဉ်ဥပဒေ - ၂ (ဆ) (ည) တို့အရ )
- မုဆိုးဖို ၊ မုဆိုးမတို့ထံမှ မြေဝယ်လျှင်
- ၎င်းတို့တွင် သားကြီးဩရသ (သို့) သမီးကြီးဩရသတို့ ရှိ/မရှိ သတိပြုပါ ။
- ရှိခဲ့လျှင် အရောင်းအဝယ် စာချုပ်မှာ လက်မှတ်ထိုးပေးဖို့ပြောပါ ။
- ၁/၄ ဆိုင်သည် ။
( မောင်ရွှေသာ/မဝိုင်း LBR-48 )
အမွေကို တန်းတူရမည် ။ သက်သေ (၂)ဦးဖြင့် စာချုပ်ရသည် ။ စာချုပ်မှတ်ပုံတင်ရပါသည် ။ ရဟန်းတော်များ မွေးစားခွင့်မရှိပါ ။
( မောင်ဖိုးကံ/ဒေါ်အပ်-၁ ရန်ကုန် ၁၀၂ )
မွေးစားသူ ၊ မွေးစားခံရသူ နှစ်ဦးသဘောတူလျှင် စာချုပ်ဖြင့်ဖြစ်စေ ၊ စာချုပ်မပါဘဲဖြစ်စေ ရပ်စဲနိုင်ပါသည် ။
( မခင်သန်း/မအမာ ၁၂ ရန်ကုန် - ၁၈၄ )
ဘာစာချုပ်မှမရှိလည်း မွေးစား၍ ရပါသည် ။ အဆင်ပြေရင် အိမ်ခြံမြေ အမွေတစ်ဝက် ရနိုင်ပါသည် ။
( မောင်ကြီး/မောင်အောင်ဖြိုး - ၂ ၊ ရန်ကုန်-၆၆၁ )
သွာနုတ္တ” သားသမီးဟုခေါ်ပါသည် ။ မိဘကမဆုံးဖြတ်နိုင်ပါ ။ သားသမီး၏ အမူအကျင့်ဆိုးကြောင့်သာ တရားသူကြီးက သတ်မှတ်ဆုံးဖြတ်နိုင်ပါသည် ။
( မမြမေ/မောင်ဘထွန်း - ၂ ၊ LBR ၊ ၂၂၄ )
- မြန်မာ ၊ ဗုဒ္ဓဘာသာဝင်များ သေတမ်းစာရေးခွင့်မရှိပါ ။
- သေတမ်းစာဖြင့် အမွေခွဲဝေခွင့်လည်း မရှိပါ ။
- သေတမ်းစာကို ကိုးကား၍ အိမ်ခြံမြေပိုင်ဆိုင်သူ၏ အမည်ပြောင်း၍လည်း မရနိုင်ပါ ။
(မဘွင့်နှင့်မရင် ၊ အက်ဂျေ ၉၅ ၊ ဒေါ်မယ်သင်နှင့် ဦးငွေထိန် ၁၉၇၆ မတစ - ၅၃ - စီရင်ထုံးများ အရ )
- မိသားစုတွင် အမွေမှုမဖြစ်စေရန် ပြုလုပ်သင့်ပါသည် ။
- အလွန်တစ်ရာ ခိုင်မာပါသော “စီမံမှု” တစ်ခုဖြစ်ပါသည် ။
- အိမ်ခြံမြေ အမွေကိစ္စများဖြစ်၍ စာချုပ်မှတ်ပုံတင်ရပါသည် ။
- အမွေရှင်မသေမီ တရားစွဲ၍လည်း မရ ၊ သေဆုံးပြီးလျှင်လည်း ဖျက်ခွင့်မရှိ ၊ ခွဲဝေပြီးနောက် ဖောက်ဖျက် ငြင်းဆို၍လည်း မရနိုင်ပါ ။
( မပန်းစီနှင့် မလှရင် ၊ ၁၉၆၃ - မတစ - ၈၀၀/၈၀၈ နှင့် ဦးအောင်ညွှန့် နှင့် မောင်အုံးမြင့် ၁၉၈၁ မတစ - ၁၂၁ )
အမွေရှင်ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများကို မည်သို့ခွဲဝေ ယူကြမည်ဆိုသော မိသားစု တစ်စု၏ သဘောတူစီမံမှုစာချုပ်ကို မိသားစုစီမံမှုဟု ခေါ်သည် ။
အမွေပစ္စည်းတို့တွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုများ ပါဝင်နေခြင်းကြောင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ သွားရောက်မှတ်ပုံတင်ရပါမည် ဖြစ်ပါသည် ။
( မှတ်ပုံတင်အက်ပုဒ်မ - ၁၇ (စ) နှင့် ပစ္စည်းလွှဲပုဒ်မ - ၉(ခ) အရ )