“စိတ္တရလေခါ” သည်လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်က”ဘဂဝတီကျရန်ဗရမာ” အမည်ရှိ နာမည်ကျော် ဟိန္ဒီစာရေးဆရာတစ်ဦး ရေးသားထားသော ဟိန္ဒီဝတ္တုဖြစ်သည်။လူ့သဘာဝကို လေ့လာရာ၌ အပေါ်ယံအလွှာများကိုတစ်လွှာပြီးတစ်လွှာခွာလျက် စူးရှနက်နဲသော အမြင်ဖြင့်အတွင်းနှိုက်၍ လေ့လာထားသော ဝတ္တုဖြစ်ခြင်းကြောင့်ဟိန္ဒီစာပေလောက၌ ခေတ်ပေါ် ဂန္တဝင်မြောက်ဝတ္တုတစ်ခုဖြစ်လာခဲ့သည်။
အချိန်နှောင်းလာလေလေ၊အရောင်အသွေးပိုမိုတောက်ပြောင်လာလေလေရာ စထွက်သည့်နှစ်မှစ၍ အကြိမ်ကြိမ်အထပ်ထပ်ရိုက်နှိပ်ထုတ်ဝေရခြင်းက စိတ္တရလေခါ၏ အောင်မြင်မှုကို သက်သေခံနေပေသည်။အင်္ဂလိပ်ဘာသာဖြင့်လည်းစိတ္တရလေခါကို ဘာသာပြန်ဆိုထားသေးသည်။
ဘာသာရေးဒဿနနောက်ခံဂန္တဝင်မြောက်စာပေလက်ရာတို့ကို ဖတ်ရှုချင်သူစာချစ်ပရိတ်သတ်တို့အတွက် မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်…
စာမျက်နှာ :297
စာအုပ်အရွယ်အစား :5.2 x 0.5 x 7.5 inches
ပုံနှိပ်မှတ်တမ် :စိတ်ကူးချိုချိုစာပေ၊ 2017 နိုဝင်ဘာလ

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။