ဆရာမိုးသက်ဟန်က တိုကျိုကျဆုံးခန်း အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ Tokyo Decadence ဟာ Ryu Murakami ရဲ့ ဝတ္ထုတိုစာအုပ်တွေထဲက လက်ရွေးစင်ဝတ္ထုတိုတွေကို ထုတ်နုတ်ပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Ryu Murakami ကို ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပထမဆုံးစာအုပ်အဖြစ် ၁၉၇၆ မှာ Almost Transparent Blue ကို ထုတ်ဝေခဲ့ပြီး ယနေ့ထက်တိုင် ဝတ္ထု၊ အက်ဆေးများ ဆက်လက်ရေးသားလျက်ရှိပါတယ်။
တိုကျိုကျဆုံးခန်းစာအုပ်ထဲက တချို့ဝတ္ထုတိုတွေက ချစ်စဖွယ်၊ ကြည်နူးဖွယ်၊ ပြုံးစစဖြစ်ချင်စဖွယ်တွေဖြစ်ပေမယ့် တချို့ဝတ္ထုတိုတွေက ဂျပန်လူ့အဖွဲ့အစည်းထဲက အမှောင်ခြမ်းတွေကို နက်နက်ရှိုင်းရှိုင်း တူးဖော်ထားတာ ဖြစ်တာမို့ စာဖတ်သူတို့ရဲ့ စိတ်အာရုံထဲကို ဝင်ရောက်စိုးမိုးစေမှာပါ။ ပြောရရင် ၁၉၇၀ ခုနှစ်ကာလတွေက ဂျပန်ဟစ်ပီလှုပ်ရှားမှုအကြောင်းတွေ၊ မူး ယစ် ဆေးဝါး စွဲလမ်းမှုအကြောင်းတွေ၊ ကြမ်းရှတဲ့ လိင် ပိုင်း ဆိုင်ရာအကြောင်းတွေလိုမျိုးအပါအဝင် ဝတ္ထုတိုတွေဟာ Ryu Murakami ရဲ့ ထုံးစံအတိုင်း အရာရာကို ရဲတင်း၊ ပွင့်လင်းစွာပဲ ရေးသားထားပါတယ်။
တိုကျိုကျဆုံးခန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်သူ ဆရာမိုးသက်ဟန်ကတော့ “မိမိအနေနဲ့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်ကို လက်ခံထားတဲ့အလျောက် မူရင်းအရသာနဲ့ ကင်းကွာမှုနည်းအောင် အတတ်နိုင်ဆုံး မြန်မာဘာသာသို့ ပြန်ဆိုထားတယ်” လို့ ဆိုပါတယ်။
စာမျက်နှာ
325
စာအုပ်အရွယ်အစား
5.2 x 0.5 x 8.2 inches
ပုံနှိပ်မှတ်တမ်း
ကံ့ကော်ဝတ်ရည်စာပေ၊ 2021 နိုဝင်ဘာလ၊ (ပ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။