ဘုရင်ငါးပါးနဲ့ ပဋိပက္ခများ-၂

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ဘာသာပြန်ရသစာပေနှင့်ဝတ္ထု
  • ဈေးနှုန်း
    7,500 MMK / pcs
  • ရရှိနိုင်မှု
    3 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဒီစာအုပ်ဟာ အမေရိကန် တစ်နိုင်ငံတည်းမှာ စောင်ရေ ၄၅ သန်း ရောင်းကုန်ခဲ့ပြီး ကမ္ဘာအဝန်းမှာ သန်း ၉၀ ကျော် ရောင်းကုန်ခဲ့ပါတယ်။ ဘာသာပေါင်း ၄၀ ကျော် ပြန်ဆိုခံထားရတယ်။ Game Of Thrones ရုပ်သံဇာတ်လမ်းတွဲအဖြစ် HBO ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသခဲ့ရာ ကမ္ဘာ့သမိုင်းတလျှောက် လူကြည့်အများဆုံး လူကြိုက်အများဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတယ်။

ရောဘတ်ဘာရာသီယွန် သေဆုံးခြင်း၊ နက်ဒ်စတာ့ခ် အသတ်ခံရခြင်းနှင့် တီရီယွန်လန်နစ်စတာ ပြန်ပေးဆွဲခံရခြင်းတို့ကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခများက စစ်ပွဲအသွင် ပြောင်းလဲသွားပါတော့တယ်။

ရောဘတ်ရဲ့သား ဂျော့ဖရေးဘာရာသီယွန်ကို သံပလ္လင်ရဲ့စစ်မှန်တဲ့ဆက်ခံသူအဖြစ် လက်မခံနိုင်ကြတဲ့ စတန်းနစ်ဘာရာသီယွန်နဲ့ ရန်လေဘာရာသီယွန်တို့က မိမိကိုယ်ကို ဘုရင်ဟု ကြွေးကြော်ပြီး အသီးသီး ပုန်ကန်ကြတယ်။

ဖခင်အသတ်ခံရခြင်းနှင့် ညီမနှစ်ယောက် ဓားစာခံအဖြစ် ဘုရင့်မြို့တော်တွင် ဖမ်းဆီးခံထားရသောကြောင့် တောင်ပိုင်းကိုချီတက်လာတဲ့ ရော့ဘ်စတာ့ခ်ဟာလည်း သူ့ကိုယ်သူ မြောက်ပိုင်းဘုရင်အဖြစ် ကြေငြာလိုက်ပါတယ်။

တစ်ချိန်လုံး ဘုရင်လုပ်ချင်နေတဲ့ ဘေလွန်ဂရေးဂျွိုင်းကလည်း သူ့ကိုယ်သူ သံကျွန်းတွေရဲ့ဘုရင်အဖြစ် ကြွေးကြော်ပြီး အကာအကွယ်မဲ့သွားတဲ့ မြောက်ပိုင်းကို သိမ်းပိုက်ဖို့ ကြံရွယ်ပါတော့တယ်။

ဝက်စ်တာရော့စ် (ခုနှစ်ပြည်ထောင်) ရဲ့တစ်ဖက်ခြမ်းက လွတ်လပ်မြို့တော်များတည်ရှိရာ အက်ဆော့စ်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ နန်းကျဘုရင်ရဲ့သမီး ဒနဲရစ်တာဂေးရီးယန်းကလည်း နဂါးသုံးကောင် ရရှိခဲ့တာကြောင့် တစ်ချိန်တည်းမှာပဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ ဝက်စ်တာရော့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားပါတယ်။

မြောက်ပိုင်းမှာလည်း လွတ်လပ်သူ (လူရိုင်း) တွေရဲ့ဘုရင် မန့်စ်ရေဒါက သိန်းနဲ့ချီတဲ့စစ်တပ်ကို စုစည်းပြီးတော့ မြောက်ပိုင်းရန်စွယ်အသီးသီးမှ ခုနှစ်ပြည်ထောင်ကို ကာကွယ်ပေးထားတဲ့ တံတိုင်းကြီးကို ကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်ပါတော့တယ်။

တိုင်းပြည်ကြီးကို ကာကွယ်စောင့်ရှောက်ဖို့ သစ္စာဆိုထားကြတဲ့ ညကင်းမျှော်စင်က တပ်သားတွေဟာလည်း မန့်စ်ရေဒါရဲ့အကြံအစည်ကို ဖော်ထုတ်ဖို့ တံတိုင်းကြီးရဲ့အပြင်ဘက်ကို ကင်းထောက်ထွက်ကြပါတယ်။ ထိုခရီးမှာတော့ အနက်ရောင်တပ်သားတွေနဲ့ နက်ဒ်စတာ့ခ်ရဲ့မျိုးမစစ်သားလို့ သိထားကြတဲ့ ဂျွန်စနိုးတစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ။

ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကြမလဲ။

ဘယ်သူတွေ မြေစာပင်ဖြစ်ကြမလဲ။

စာမျက်နှာ ၁၅၀၀ ကျော်ရှိတဲ့ သုံးအုပ်တွဲစာအုပ်ရဲ့ဒုတိယတွဲကို လက်ကနေ မချစတမ်း ဖတ်ရပါတော့မယ်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

စာအုပ်အရွယ်အစား :5.5 × 1.1 × 8.3 inches

စာမျက်နှာ :520

ပုံနှိပ်မှတ်တမ်း :ဇလပ်နီစာပေ၊ 2020 ဇွန်လ၊ (ပ-ကြိမ်)

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950
;