မူရင်းMARNIE စာအုပ်ကို ဆရာတင်မောင်မြင့်က ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ရုပ်ရှင်အဖြစ်လဲအသက်သွင်းရိုက်ကူးခဲ့ရာ အအောင်မြင်မှုများရရှိထားပြီးဖြစ်သည်။
ခန့်မှန်းရခက်သော ဆွဲဆောင်မှုရှိသော လိမ်လည်လှည့်ဖြားတတ်သောလျို့ဝှက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ မာနီ...
ချစ်ရသူ၏လက်ကိုတွဲကာ ဘ၀တိုက်ပွဲကို ဆင်နွှဲချင်သူ မတ်
ထိုသူ၂ယောက်၏ချစ်ခရီးလမ်းမှာ အဘယ်သို့ရှိမည်နည်း...
တည်ငြိမ်လေးနက်တဲ့ဇာတ်အိမ်နဲ့ နက်ရှိုင်းတဲ့အတွေးအမြင်တို့အပြင် ဇာတ်ကောင်မာနီ၏ ဟာကွက်မရှိ အကွက်ကျကျစီစဉ်ထားတတ်တဲ့အရည်အချင်း၊ ထင်မှတ်မထားတဲ့ ဖြစ်ရပ်များကြောင့် ကြိုတင်တွေးဆလို့မလွယ်ကူနိုင်အောင်ရှိလှတဲ့ လျို့ဝှက်သိပ်သည်းတဲ့ ၀တ္တုတစ်ပုဒ်ဖြစ်ပေသည်။
စိတ်ပညာရပ်ပိုင်းဆိုင်ရာနောက်ခံများကို ကြိုက်နှစ်သက်သူများနှင့် ခန့်မှန်းရခက်တဲ့အကြောင်းအရာ ဇာတ်လမ်းဇာတ်အိမ်မျိုးမှာ လိုက်ပါစီးမြောချင်သူတို့အတွက် ခံစားမှုအမျိုးမျိုးပေးစွမ်းမဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလိုပါတယ်။
စာမျက်နှာ-343 ၊ စာအုပ်ဆိုဒ်-5.7" x 8.2"
-

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။