Resident Evil လို့ ဆိုလိုက်တာနဲ့ ဗိုင်းရပ်စ်ပိုး သင့်ပြီး လူသားစား ဖုတ်ကောင်တွေအဖြစ် သန္ဓေပြောင်းလဲကုန်တဲ့ Zombie Apocalypse ရုပ်ရှင်စီးရီးကို လူအတော်များများ ပြေးမြင်ကြမှာ ဧကန်မလွဲပါပဲ။ ဒါပေမယ့် အခု ဒီဝတ္ထုကတော့ အဲဒီရုပ်ရှင်စီးရီးထဲက ဇာတ်ကြောင်းကို အခြေမခံဘဲ မူရင်း ဗွီဒီယိုဂိမ်းထဲက ဇာတ်ကြောင်းကို အခြေခံထားခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Resident Evil ဆိုတဲ့ Zombie Apocalypse Universe ကြီး စတင်ခဲ့ရာ မူရင်း Origin ဇာတ်ကြောင်း Video Game Novelization တစ်ခုပေါ့။
နိုင်ငံတကာမှာ ရုပ်ရှင်တွေကို ပြန်လည်အခြေခံ ရေးဖွဲ့တဲ့ Movie Novelization တွေ၊ ဗွီဒီယိုဂိမ်းတွေကို ပြန်လည်အခြေခံ ရေးဖွဲ့တဲ့ Video Game Novelization တွေဟာ အထူးပင် ရေပန်းစားလှပါတယ်။ နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် အောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင်၊ ဗွီဒီယိုဂိမ်းတွေကို ဝတ္ထုအသွင် ပြန်လည် ရေးဖွဲ့ခြင်းကို Movie Novelization, Video Game Novelization လို့ ခေါ်တွင်ပါတယ်။ ဒါကြောင့် အခုဝတ္ထုဟာ မိမိတို့ ကြည့်ရှုဖူးခဲ့ကြတဲ့ ဒါရိုက်တာ Paul W.S. Anderson ရဲ့ ရုပ်ရှင်စီးရီးနဲ့ လုံးဝမတူညီတဲ့ Resident Evil ရဲ့ မူရင်း Video Game Franchise ကြီးရဲ့ ဇာတ်အိမ်၊ ဇာတ်ကြောင်း၊ ဇာတ်ကောင်တွေကို Creepy ဆန်ဆန် ဖတ်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များကြောင့် RE Hardcore Fan တွေအနေနဲ့ အထူးပင် ကျေနပ် နှစ်ခြိုက်ကြလိမ့်မယ် ယုံကြည်ပါတယ်။
ဒီဝတ္ထုကို Movie Novelization, Video Game Novelization တွေ အရေးများတဲ့ နာမည်ကျော် အမေရိကန် စာရေးဆရာမ S.D. Perry က ရေးသားပါတယ်။ မြန်မာဘာသာပြန်ဆိုသူကတော့ ဆရာဇွဲခေတ် ဖြစ်ပါတယ်။
အခုဝတ္ထုက Resident Evil Franschise ကြီးရဲ့ ကနဦးဇာတ်ကြောင်း The Umbrella Conspiracy (အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း) ဖြစ်ပြီး ဆက်လက် ထွက်ရှိလာမယ့် နောက်ဆက်တွဲ ဝတ္ထုတွေကတော့ Caliban Cove (မိစ္ဆာကမ်းခြေ)၊ City of the Dead (မရဏမြို့တော်)၊ Underworld (မြေအောက်ကမ္ဘာ)၊ Nemesis (နမ်မီဆစ်)၊ Code: Veronica (ကုဒ်-ဗာရိုနီကာ)၊ Zero Hour (သုညနာရီ) ဖြစ်တဲ့အကြောင်း RE Hardcore Fan များကို သတင်းကောင်း ပါးလိုက်ရပါတယ်။
စာအုပ််အရွယ်အစား
5.5 x 0.8 x 8.4 inches
ပုံနှိပ်မှတ်တမ်း
မဟာစာပေ 2021 နိုဝင်ဘာလ (ပ-အကြိမ်)
331

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။