သူဌေးဖေဖေရဲ့ကိုယ့်ဘ၀ကိုယ် စိတ်ကြိုက်ပုံဖော်ရေး စာအုပ်ရဲ့ မူရင်းက Before you quit your Job စာအုပ်ပါ။ စာရေးသူက ချမ်းသာဖေဖေ ဆင်းရဲဖေဖေ ချမ်းသာလူငယ်စမတ်လူငယ်၊ ဖေဖေပေးခဲ့မယ့်အမွေ၊ အောင်မြေနင်း သူများအကြောင်း စတဲ့ နိုင်ငံတကာ ဘက်ဆဲလားတွေရေးတဲ့ ရောဘတ်တို ကီယိုဆာကီပါ။ ယခုစာအုပ်ဟာ ချမ်းသာဖေဖေ ဆင်းရဲဖေဖေ စီးရီးထဲက new version တစ်အုပ်ပါ။
ဒီစာအုပ်ရဲ့အဓိက အာဘော်က စီးပွားရေးအရ အမှီခိုကင်းကင်း ရပ်တည်လိုသူတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်ဖို့ ဝန်ထမ်းဘဝက ထွက်လိုသူတွေ၊ အောင်မြင်ဖြစ်မြောက်စေဖို့ ကြိုတင် ပြင်ဆင်မှုတွေပြုလုပ်ဖို့ သင်ခန်းစာတွေပေးတဲ့စာအုပ်ပါ။ (ယနေ့ခေတ်လို New Normal age, Online Business Age, Entrepreneur’s Age တွေနဲ့ ကိုက်ညီ နေပါတယ်။) ဘယ်လိုကြိုတင်ပြင်ဆင်လေ့ကျင့်မှု ပြုလုပ်ထားရမယ်ဆိုတဲ့ သင်ခန်းစာတွေလည်း ခင်းကျင်းတင်ပြပေးထားပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်သူတွေ ကြုံရလေ့ရှိတဲ့ အခက်အခဲတွေကို ကျော်လွှားလွန်မြောက်ဖို့နည်းလမ်းတွေ သို့မဟုတ် ထွက်ပေါက်တွေကို ရှာပေးထားတယ်။၊
ရောဘတ်တိုက ဝန်ထမ်းဘဝကိုငြီးငွေ့နေသူတွေအတွက် ရည်ရွယ်ရေးသားထားပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်လိုသူ ဘယ်သူမဆို လက်ကိုင်ထားလို့ရတဲ့စာအုပ်ဖြစ်ကြောင်း တွေ့ရပါတယ်။
မူရင်းစာရေးသူရဲ့အမှာစာမှာ ဒီလိုဖော်ပြထားတယ်။
‘’ ထိုနေ့တွင် ကျွန်တော့် ဝင်ငွေသည် သုညဖစ်သွားသည်။ ပုံမှန်လခမရတော့မှာကြောက်ခြင်းသည် ကျွန်တော့် အတွေ့အကြုံတွေထဲတွင် စိတ်ချောက်ချားစရာအကောင်းဆုံးဖြစ်အတွေ့အကြုံတစ်ရပ်ဖြစ်သည်။ ကျွန်တော် အလုပ်ထွက်လိုက်သည့်အခိုက်အတန့်ကလေးမှာပင် ဝန်ထမ်းတော်တော်များများ ဘာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်မလာကြသလဲဆိုသည့်အကြောင်းရင်းကို ကျွန်တော် သဘောပေါက်လာသည်။ ပုံမှန်ဝင်ငွေမရှိတော့ခြင်း ပုံမှန်ဝင်ငွေရဖို့ အာမခံချက်မရှိတော့ခြင်းတို့ကို ကြောက်သည့် စိတ်ကြောင့်ဖြစ်၏။ ကျောင်းစာတော်သူ လုပ်ငန်းရှင်တွေရှိပေမယ့် ျီအီး တည်ထောင်သူ အက်ဒီဆင်၊ ဖို့ဒ်တည်ထောင်သူ ဟင်နရီဖိုံ့ဒ်၊ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီဂိတ်စ်။ဒဲလ် တည်ထောင်သူ မိုက်ယ်ဒဲလ်။ စီအင်န်အင်န် တည်ထောင်သူ တက်တာနာ တို့လို ကျောင်းမပြီးလိုက်သူတွေလောက် ထင်ပေါ်ကျော်ကြားမှုမရှိကြဘူး။ ”””
‘ဒီစာအုပ်မှာ
သင်ခန်းစာ(၁၀) ခု အကျယ်တဝင့်ရှင်းလင်းထားတာကို အမြည်းပေးရရင်…
သင်ခန်းစာ(၁) စီးပွားရေးလုပ်ငန်းတစ်ခု မထူထောင်ရသေးမှီကတည်းက စီးပွားရေးလုပ်ငန်းတစ်ခု ဖော်ဆောင်ပြီးဖြစ်တယ်။
သင်ခန်းစာ(၂)ကံဆိုးကို ကံကောင်းအဖြစ်ပြောင်းလဲပါ
သင်ခန်းစာ(၃)လခစားအလုပ်နဲ့ ကိုယ်ပိုင်အလုပ်အကြား ခြားနားချက်ကိုသိပါ
သင်ခန်းစာ(၄)အောင်မြင်မှုက သင့်ကျရှုံးမှုကို ဖော်ပြတယ်
သင်ခန်းစာ(၅)ရည်မှန်းချက်ထက်လုပ်ငန်းစဉ်က ပိုအရေးကြီးတယ်
သင်ခန်းစာ(၆)အကောင်းဆုံး အဖြေတွေဟာ သင့်ရင်ထဲမှာရှိပြီး သင့်ဦးခေါင်းထဲမှာမရှိ။
သင်ခန်းစာ(၇)ပြဌာန်းတာဝန်အတိုင်းအတာက ထုတ်ကုန်ကို သတ်မှတ်တယ်
သင်ခန်းစာ(၈)တခြားလုပ်ငန်းတွေ လုပ်နိုင်စွမ်းမရှိတာတစ်ခုခုကို လုပ်နိုင်စွမ်းရှိတဲ့လုပ်ငန်းမျိုး ဖြစ်အောင် ပုံစံထုတ်ပါ
သင်ခန်းစာ(၉)စျေးလျော့ရောင်းတဲ့နည်းနဲ့ မပြိုင်နဲ့
သင်ခန်းစာ(၁၀)ဘယ်အချိန်မှာ စွန့်ခွာရမယ်ဆိုတာကို သိပါ
စာမျက်နှာ
260
စာအုပ်အရွယ်အစား
5.3 × 0.7 × 8.2 inches
ပုံနှိပ်မှတ်တမ်း
ကိုနေမန်းစာပေ၊ 2020 ဩဂုတ်လ (ပ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။