ESCORT
Normal Supplier

‘Escort Fashion’ သည် ချည်သား၊ ဆွဲသားတို့ဖြင့် ချုပ်လုပ်ထားသော အမျိုးသမီး အဝတ်အထည်များ၊ ကလေးဝတ်ထည်များ နှင့် အမျိုးသားတီရှပ်စသည်ဖြင့် တို့ကိုအဓိကထားထုတ်လုပ်ပြီး အဝတ်အထည် ဈေးကွက်နယ်ပယ်တွင် ရှင်သန်ရပ်တည်လျှက်ရှိပါသည်။ -ကိုယ်ပိုင် Fashion Design များရေးဆွဲခြင်း၊ ကိုယ်ပိုင် Printing (ဆေးရိုက်ခြင်း)နှင့် ကိုယ်ပိုင်အထည်ချုပ်စက်ရုံ၌ချုပ်လုပ်ခြင်း တို့ဖြင့် မြင့်မားသောအရည်အသွေးနှင့် သင့်တော်သောအရေအတွက်တို့ကိုဂရုတစိုက်ထုတ်လုပ်ပြီးတိုတောင်းသောအချိန်အတွင်းဈေးကွက်သို့စဉ်ဆက်မပြတ်ပို့ဆောင်ရန်ရှေ့ရှူနေသည့်တစ်ခုတည်းသောစက်ရုံဖြစ်ပါသည်။ -ထို့အပြင် ဝယ်ယူသူ ဖောက်သည်များအတွက် ပို၍ကောင်းမွန်သောအရည်အသွေးကို ဝန်ဆောင်မှု ပြုနိုင်ရန် ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံမှု တခုကို ၂၀၁၀ခုနှစ်တွင်စတင်ကာ ကိုယ်ပိုင် silk screen printing(ဆေးရိုက်)စက်ရုံကိုတည်ထောင်ခဲ့ပြီး ဥရောပနိုင်ငံများမှ မှာယူထားသော ခေတ်မှီစက်ကိရိယာများနှင့် စက်မှုလုပ်ငန်းစဉ် တို့ကိုအသုံးပြု၍ အရည်သွေးမြင့် ထုတ်ကုန်များအား သင့်တော်သော ဈေးနှုန်းတို့ဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိသည်။