Nvidia GeForce GTX 1650 Ti 4GB GDDR6 ဂရပ်ဖစ်ကတ်နဲ့ ထုတ်လုပ်ပေးထားတဲ့ msi GF75 Gaming Laptop ဖြစ်ပါတယ်။ Gaming သီးသန့် ထုတ်လုပ်ထားတဲ့ ဂရပ်ဖစ်ကတ်ဟာ Memory Speed – 12Gbps အထိရရှိမှာဖြစ်ပြီး Boost Clock – 1590MHz အထိ ရရှိမှာဖြစ်ပါတယ်။ GeForce GTX 950 ထက်နှစ်ဆမြန်ဆန်မှာဖြစ်ပြီး နောက်ဆုံးပေါ် PC ဂိမ်းတွေကို GTX 1050 ထက် 70% ပိုမိုလျင်မြန်စွာကစားနိုင်မှာဖြစ်ပါတယ်။ Laptop ရဲ့မျက်နှာပြင်အရွယ်အစား 17.3” ရှိပြီး Resolution ကတော့ Full HD (1920×1080) ရရှိမှာဖြစ်ပါတယ်။ IPS-Level Display အမျိုးအစားဖြစ်ပြီး Refresh Rate ကတော့ 120Hz ရှိမှာ ဖြစ်ပါတယ်။ CPU အတွက် နောက်ဆုံးပေါ် CPU တွေထဲက တစ်ခုဖြစ်တဲ့ Intel Comet Lake i7-10750H Processor ကို တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းကို စိတ်ပူစရာ မရှိပါဘူး။ 2666Mhz အမြန်နှုန်းရှိတဲ့ DDR4 8GB RAM ကို တပ်ဆင်ထားတာကြောင့် Gaming Laptop တစ်လုံးအတွက် လုံလောက်တဲ့ပမာဏဖြစ်ပြီး Slot အလွတ်ပါဝင်တဲ့အတွက် 64GB အထိ စိတ်ကြိုက် တိုးမြှင့်နိုင်ပါတယ်။ ဒေတာသိမ်းဆည်းမှုအတွက် SSD 256GB နဲ့ HDD 1TB ပေါင်းစပ်ထားတဲ့ Hybrid Drive (SSHD) ကိုတပ်ဆင်ထားတာကြောင့် ဒေတာအသွင်းအထုတ် မြန်ဆန်သလို ဒေတာအများအပြားကိုလည်း သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ကီးတွေကို လျင်လျင်မြန်မြန် ကြည့်ရှုအသုံးပြုနိုင်ဖို့ အနီရောင်နောက်ခံမီးပါဝင်တဲ့ ကီးဘုတ်ကို တပ်ဆင်ပေးထားပါတယ်။ ဘတ္ထရီပိုင်းအတွက် 3Cells 51Whr ဘတ္ထရီကို တပ်ဆင်ပေးထားပြီး 180W Adapter ပါဝင်ပါတယ်။ OS အဖြစ် Windows 10 Home ကိုအသုံးပြုပေးထားတာကြောင့် Windows Update Error အတွက် စိတ်ပူစရာ မလိုတော့သလို လိုအပ်သမျှ Update တွေကို အဆင်ပြေပြေ Update ပြုလုပ်နိုင်ပါတယ်။ Laptop ရဲ့ System Performance အခြေအနေ၊ အပူချိန်နဲ့ အခြားလုပ်ဆောင်ချက်တွေကို ထိန်းချုပ်အသုံးပြုနိုင်စေမဲ့ Dragon Center 2.0 Gaming Mode App ပါဝင်တာကြောင့် မိမိရဲ့ Gaming Laptop စွမ်းဆောင်ရည်ကို ကိုယ်တိုင် ထိန်းချုပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Laptop အပူချိန်ကို အကောင်းဆုံးလျှော့ချပေးနိုင်ဖို့ Heat Pipe 7 ခု ကို တပ်ဆင်ပေးထားပါတယ်။
Weight :2 kg
Brand :MSI
Color :Black
Display Size :17.3"
Display Type :Non-touch
Resolution :1920 x 1080
CPU :Intel Core i7
CPU Generation :10th Gen
Graphics :nvidia GeForce GTX 1650 Ti
Memory (RAM) :8 GB
Solid State Capacity :256 GB
Hard Drive Capacity :1 TB
Storage Type:Hybrid Drive
Operating System :Windows 10 Home
Laptop

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။