MSI Prestige 14 A10SC White (i7)

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    MSI
  • ဈေးနှုန်း
    1,850,000 MMK
  • ရရှိနိုင်မှု
    5 In Stock
  • အမှတ်တံဆိပ်
    Msi
  • မော်ဒယ်
    Prestige 14 A10SC White (i7)
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Taiwan
  • အာမခံ (ဝန်ဆောင်မှု)
    2Year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဒီ msi အမှတ်တံဆိပ် Prestige 14 Laptop က အလုပ်လုပ်ဖို့အတွက်ရော၊ ဂိမ်းကစားဖို့အတွက်ပါအသုံးပြုနိုင်တဲ့ “Work & Play” အမျိုးအစား ပရီမီယမ် Laptop တစ်လုံး ဖြစ်ပါတယ်။ OS အဖြစ် Windows 10 Home ကို Built-in ထည့်သွင်းပေးထားပြီး System ပိုင်းမှာ နောက်ဆုံးပေါ် i7 10 th Gen Processor, RAM 16GB နဲ့ SSD 512GB တို့ကို တပ်ဆင်ပေးထားပါတယ်။ အားကောင်းတဲ့ CPU နဲ့ RAM က ဘယ်လို လုပ်ငန်းသုံး Software အမြင့်တွေကိုမဆို သွက်သွက်လက်လက် run ပေးနိုင်ပြီး NVIDIA GeForce GTX 1650 (4GB GDDR5) ဂရပ်ဖစ်ကတ်က နောက်ဆုံးပေါ် PC ဂိမ်းတွေကိုအဆင်ပြေပြေကစားနိုင်ဖို့ စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒေတာ Storage အဖြစ် SSD 512GB ကိုတပ်ဆင်ထားတဲ့အတွက် Laptop ကိုဖွင့်လိုက်တာနဲ့တပြိုင်နက် Windows နဲ့ Game Software တွေကစက္ကန့်ပိုင်းအတွင်း အသင့်ဖြစ်နေတာကို တွေ့ရမှာပါ။ မျက်နှာပြင်က 14” အရွယ်အစားနဲ့ထုတ်လုပ်ထားပြီး Full HD resolution ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ရုပ်ထွက်နဲ့အသုံးပြုနိုင်မှာပါ။ IPS နည်းပညာလည်း ပါဝင်တာကြောင့် သမာရိုးကျ Full HD မျက်နှာပြင်တွေထက် အရောင်အသွေး ပိုမိုစိုပြည်လှပမှာလည်း ဖြစ်ပါတယ်။ Display မျက်နှာပြင်အလင်းမပြန်စေဖို့ Anti-glare နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။ Cooler Boost 3 အအေးပေးစနစ်ပါဝင်တာကြောင့် အပူကြောင့် Laptop ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတာမျိုးမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အသုံးပြုမှုအလိုက် (၁၆)နာရီအထိ အားခံနိုင်တဲ့ 4 Cells ဘတ္ထရီကို တပ်ဆင်ပေးထားပါတယ်။ အလေးချိန် (၂.၈၄)ပေါင်သာရှိပြီး အထူက (၀.၆)လက်မသာရှိတဲ့အတွက် တကယ့်ကို ပေါ့ပါးပါးလွှာတဲ့ Laptop လေး ဖြစ်ပါတယ်။အလူမီနီယမ်အသုံးပြု အဖြူရောင်ကိုယ်ထည်ပေါ်မှာ မီးခိုးရောင် Dragon Logo နဲ့ လှလှပပဒီဇိုင်းပုံဖော်ထားပါတယ်။ ကီးဘုတ်က Backlit ကီးဘုတ်အမျိုးအစားဖြစ်ပြီး လက်ဗွေနဲ့ Login ပြုလုပ်နိုင်တဲ့ Finger Print Reader လည်း ပါဝင်ပါတယ်။ ဒေတာ Transfer အတွက်သာမကဘဲအားသွင်းဖို့အတွက်ပါအသုံးပြုနိုင်တဲ့ Thunder Bolt 3.0 Ports တွေလည်း ပါဝင်ပါတယ်။မြင့်မားတဲ့စွမ်းဆောင်ရည်၊ ပရီမီယမ်ဒီဇိုင်းကာလာနဲ့ ပေါ့ပါးအကြမ်းခံမှုတို့ကို ပေါင်းစပ်ထားတဲ့ Laptop ကောင်း တစ်လုံးဖြစ်ပါတယ်။ Prestige Mouse တစ်လုံးကို လက်ဆောင်အဖြစ်ထည့်သွင်းပေးထားပါတယ်။ အာမခံ နှစ်နှစ်အထိ ပေးထားပြီးဖြစ်ပါတယ်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

Weight :2 kg
Brand :MSI
Color :White
Display Size :14"
Display Type :Non-touch
Resolution :1920 x 1080
CPU :Intel Core i7
CPU Generation :10th Gen
Graphics :nvidia GeForce GTX 1650
Memory (RAM) 16 GB
Solid State Capacity :512 GB
Operating System :Windows 10 Home

ပါဝင်သည့်ပစ္စည်းများ :

Laptop

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950