စတန်လေဆိုတဲ့ကောင်လေးတစ်ယောက်။ ကံမကောင်းတဲ့ အစဉ်အလာရှိတဲ့ မျိုးရိုးက မွေးလာတယ်။ သူ့အဖေ၊ အဘိုး၊ အဘီ တွေက ကံမကောင်းတဲ့နေရာမှာ နာမည်ကြီးတယ်။ ဒီတော့ စတန်လေမှာလည်း အဲ့ဒီအမွေပါလာတယ်။ သူမကျူးလွန်တဲ့ ပြစ်မှုတစ်ခု အတွက် သူပြစ်ဒဏ်ကျခံခဲ့ရတယ်။ လူငယ်ဆိုတော့ ထောင်အစား လူငယ်ပြုပြင်ရေးစခန်းကို သွားရတယ်။ လူငယ်ပြုပြင်ရေးစခန်းနာမည်က “မြစိမ်းကန်”တဲ့။ အဲ့ဒီမှာ သူ့လိုပဲ လူငယ်လေးတွေရှိတယ်။ များသောအားဖြင့် တော့ ပြစ်မှုတစ်ခုခု ကျူးလွန်ထားတဲ့ လူငယ်လေးတွေပေါ့။
သူတို့ဟာ နေ့တိုင်း ၅ပေအနက်၊ ၅ပေအကျယ်ရှိတဲ့ ကျင်းတွေတူးရတယ်။ ဒီလိုကျင်းတွေတူးခြင်းအားဖြင့် အကျင့်စာရိတ္တပြန်ကောင်းမယ်လို့ အဲ့ဒီစခန်းက ဆိုတယ်။ အဲ့ဒီစခန်းမှာ အန္တရာယ်အလွန်များတဲ့ အဝါပြောက်ပုတ်သင်တွေလည်းရှိတယ်။ ကိုက်ရင်သေမှာ။ ဒီတော့ ထွက်ပြေးဖို့လည်း မလွယ်ဘူး။
ဒီတော့ စတန်လေ ဘာဆက်လုပ်မလဲ…
ကျင်းတွေကို နေပူကျဲတဲထဲမှာ ဆက်တူးမလား…
ကျင်းတွေတူးခိုင်းတာကရော အကျင့်စာရိတ္တပြုပြင်ပေးချင်လို့ ဟုတ်ရဲ့လား…
စတဲ့ မြှုပ်ကွက်တွေ လျှို့ဝှက်ချက်တွေ နှင့် ဇာတ်လမ်းထဲစီးမြောသွားရမယ့် Young Adult ဝတ္ထုစာအုပ်ကောင်းတစ်အုပ် …
စာမျက်နှာ :269
စာအုပ်အရွယ်အစား :5.2 x 0.5 x 8 inches
ပုံနှိပ်မှတ်တမ်း :Myanmar heritage

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။