ကျောက်ပျဉ်ပေါ်မှ သနပ်ခါးစက်များ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    3,000 MMK
  • ရရှိနိုင်မှု
    5 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

မိန်းမ နဲ့ ယောက်ျား ပေါင်းဖက်ရတဲ့ ဖူးစာ ဆိုတာ ” ကံတရား ” မဟုတ်ဘူး ” ရွေးချယ်မှု” ပဲ …

ဤလောက၌ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားမှာ နီးစပ်ပက်သက်မှု ကြီးမားလာစရာ အကြောင်းတရားတွေ အများအပြား ရှိနေသည်။ နီးစပ်နေကြသည့်စုံတွဲတွေဆိုတာ အဲဒီလိုနဲ့ပဲ တရွေ့‌ရွေ့တိုးရင်း တဖြည်းဖြည်း အနီးစပ်ဆုံးတွေ ဖြစ်ကုန်ကြတာပဲ ဖြစ်မည်။ ချစ်သူစုံတွဲတွေ လျှောက်လှမ်းကြတဲ့ ခြေလှမ်းတွေဟာ အိမ်ထောင်ပြုခြင်းမှာ အဆုံးသတ်ကြရတယ် မဟုတ်လား။
ချစ်သူ သမီးရည်းစားဘဝမှာ အချိန်ယူ၊ သေချာပြင်ဆင်ပြီးမှ အိမ်ထောင်ပြုရင် ခိုင်မြဲတဲ့ အိမ်ထောင်ရေး ဖြစ်မှာ သေချာလား။ ခုတွေ့ ခုချစ်ပြီး အချိန်တိုအတွင်းမှာ အိမ်ထောင်ကျသွားတဲ့ စုံတွဲတွေရော မတည်မြဲခြင်းနဲ့ ကြုံရမှာလား။ အဲဒီ မေးခွန်းတွေကြား သူ့သူငယ်ချင်း နှစ်ယောက်ရဲ့အိမ်ထောင်ရေး အဖြစ်သနစ်တွေ ကြောင့် အိမ်ထောင်ပြုဖို့ မယုံမရဲ ဖြစ်နေသူ အိမ်ချိုခေါ် အိမ်ချိုနှင်း ။
အိမ်ထောင်ပြုတယ် ဆိုတာကလည်း ထီထိုးရသလိုပဲဟုလည်း ပြောတတ်ကြတယ်လေ။ ငယ်ငယ် ကတည်းက ဘာကံစမ်းမဲမှ မပေါက်တတ်သူမို့ အိမ်ချိုနှင်းက ထီမထိုးရဲ သို့မဟုတ် အိမ်ထောင်မပြုရဲ ။ သူ့ သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေး အနေအထားတွေရယ် သူ့ပတ်ဝန်းကျင်က အိမ်ထောင်ရေး အခြေအနေတွေကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ အရေး တွေဝေနေလေရဲ့ ။
အိမ်ချို့မေမေရဲ့ ဩဝါဒကိုလည်း ကြည့်ဦး “မိန်းမသားဘဝဆိုတာ ကျောက်ပျဉ်ပေါ် တင်သွေးရတဲ့ သနပ်ခါးစက်လေးတွေလိုပါပဲ။ သနပ်ခါးကောင်းကောင်းရဖို့ဆိုရင် ကျောက်ပျဉ်တစ်ခုတည်း ချောမွတ် ညီညာ ပြန့်ပြူးနေရုံနဲ့မရဘူး။ သနပ်ခါတုံး စစ်စစ်လေး ရွေးဝယ်တတ်ဦးမှ။ သွေးမယ့် ရေကလည်း သန့်ရှင်းတဲ့ရေ ဖြစ်ရမယ်။ လူတစ်ယောက်ရဲ့ အနူးညံ့ဆုံး အရေးပါဆုံးဖြစ်တဲ့ မျက်နှာပြင်ပေါ် တင်ရတဲ့ သနပ်ခါးစက်လေးတွေ ဆိုတော့ အရေးကြီးတယ်လေ” တဲ။
ဆိုတော့ အိမ်ချိုနှင်းဆိုတဲ့ လှေနာဝါလေးဟာ အိမ်ထောင်ရေးဆိုတဲ့ ဆိပ်ကမ်းမှာပဲ ကပ်မလား၊ တကိုယ်တည်း အပျိုကြီးဆိုတဲ့ ဆိပ်ကမ်းမှာပဲ ကပ်မလား ဆိုတာကို ဆရာမငွေဇင်ယော်ဦး(မိုးကုတ်)ရဲ့ သေသပ်လှပတဲ့ အရေးအဖွဲ့တွေ ခံစားရင်း ဖတ်ကြည့်ရအောင်နော် ။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

စာမျက်နှာ
181

စာအုပ််အရွယ်အစား
5.6 x 0.4 x 8.4 inches

ပုံနှိပ်မှတ်တမ်း
မဟာစာပေ 2020 နိုဝင်ဘာလ (ပ-အကြိမ်)

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950