” ကျွန်မရေးခဲ့သောရသစာတမ်း၊ သို့မဟုတ် အက်ဆေးတွေထဲမှာ ကျွန်မရဲ့ ပြန်မရတော့သော အတိတ်တွေ၊ မျှော်လင့်ချက်တွေ၊ မချင့်မရဲမှုတွေ၊အနာဂတ်တွေ၊ ပစ္စပ္ပန်တွေများစွာပါဝင်လို့နေပါတယ်။ ဒီဘ၀ရဲ့ ရေးခြစ်ခဲ့သောဒဏ်ရာများစွာထဲကနေ သွေးစို့လာသော ပုံရိပ်တချို့ကိုနာကျင်ခံပြီးရေးခြယ်လိုက်သောစာကို အက်ဆေးရယ်လို့ ကျွန်မကဆိုမည်ရော။ ကျွန်မ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာတော့ ကျွန်မရဲ့အက်ဆေးတွေဟာ ကျွန်မရဲ့အတိတ်၊ပစ္စပ္ပန်၊ အနာဂတ်အားလုံးသောဒဏ်ရာများစွာကို ကျွန်မဘာသာ ကျွန်မပျော်ရွှင်စွာ။နာကျင်စွာ ရက်ရက်စက်စက် ကုတ်ခြစ်လိုက်ခြင်းပါပဲ”
စာရေးသူ အမှာစာမှာကောက်နှုတ်ချက်ဖြစ်ပါတယ်။အက်ဆေးအပုဒ်ရေ (၂၀) ခန့်ပါဝင်ပြီးနှလုံးသားမှာ ကပ်ငြိတွယ်နေစေမယ့်အကြောင်းအရာ အဖြစ်အပျက်များအကြောင်းကို ဖတ်ရှုရမယ့် ရသစာတမ်း စာအုပ်ကောင်းတစ်အုပ်…။
စာအုပ်အရွယ်အစား :5.3 x0.4x 8.1 inches
ပုံနှိပ်မှတ်တမ်း :လင်းလွန်းခင်စာပေ၊ 2020 ဇွန်လ၊ (ပ-အကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။