မေတ္တာအပြည့်နဲ့ လွှမ်းခြုံထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပြီး စေတနာအရင်းခံသောအကြောင်းအရာပေါင်းများစွာကို သီကုံးဖွဲ့နွဲ့ရာမှာ တစ်ခါတစ်ရံနုလွန်းလှလွန်းသလောက် များသောအားဖြင့် ရဲရဲတင်ပြဝံ့သူ၊ ပြတ်ပြတ်ထင်ထင် ဖော်ကြူးတတ်သူတစ်ဦးလည်းဖြစ်တဲ့ စာရေးဆရာပီတိ(ပေကြီး)ရဲ့ “ညီမလေးသို့ နှလုံးသားဓာတ်စာ” စာအုပ်ဖြစ်ပါတယ်။
စာအုပ်မျက်နှာဖုံးပေါ်မှာ မိန်းကလေးတိုင်းဖတ်သင့်သည့်ဆောင်းပါးများလို့ ရေးထားသလိုပါပဲ တကယ့်ကို မိန်းကလေးတိုင်းဖတ်သင့်ပါတယ်။ အစ်ကိုတစ်ယောက်က ညီမလေးဆီကို ပေးတဲ့ ပေးစာသဘောမျိုး စေတနာစကားတွေပါ၀င်နေပါတယ်။
၁။ ပျို့ဂုဏ်ရည်
၂။ ဘာရည်ရွယ်ချက်နဲ့ အင်တာနက်အသုံးပြုတာလဲ
၃။ ပုံမှန်
၄။ ခေတ်နောက်ပြန်၍တိရစ္ဆာန်ကမ္ဘာကို ဖန်တီးနေကြသူများ
ဆိုတဲ့ ဆောင်းပါးရှည်များနဲ့ဖွဲ့စည်းထားပြီး ဆောင်းပါးတစ်ပုဒ်ခြင်းစီရဲ့ အစမှာလည်း အနှစ်ချုပ်ကောက်စာ လေးတွေကို ထည့်သွင်းထားတဲ့အပြင် ရောင်စုံသရုပ်ဖော်ပန်းချီများလည်းပါ၀င်နေပါတယ်။ စာရေးသူက သူ့စာအုပ်ကို နှလုံးသားဓာတ်စာလို့ ခေါင်းစဉ်တပ်ထားသော်ငြား တကယ်တော့ဦးနှောက်ဓာတ်စာဆိုလည်းမှားမည်မထင်ပါ။ ပေါ့ပါးသွက်လက်သော အရေးအသားတွေကြားက လေးနက်တည်ကြည်တဲ့စာသားတွေကိုခံစားမိစေမှာပါ။
စာမျက်နှာ :150
စာအုပ်အရွယ်အစား :5.2 x 0.4 x 8.1 inches
ပုံနှိပ်မှတ်တမ်း :ရွှေပေစာပေ၊ 2019 ဇန်နဝါရီလ၊ (ပ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။