ဒလိုင်းလားမားသည် ကမ္ဘာတစ်လွှား ငြိမ်းချမ်းရေးစကားများ ဟောပြောခြင်းနှင့်အတူ တရုတ်အစိုးရလက်အောက်မှတိဗက်ဒေသလွတ်လပ်ရေးနှင့် အခွင့်အလမ်းများအတွက်ရေရှည်တိုက်ပွဲဝင်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သည်....
ဒလိုင်းဟူသော အဓိပ္ပာယ်မှာ သမုဒ္ဒရာဖြစ်၍ လားမားဟူသော အဓိပ္ပာယ်မှာ ဆရာဖြစ်သည်။ ဒလိုင်းလားမားကိုတိဗက်တို့၏ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ်အသိအမှတ်ပြုကြသည်။ ပထမဆုံး ဒလိုင်းလားမားမှာ၁၄၀၀ ပြည့်နှစ်အတွင်း သက်ရှိထင်ရှားရှိခဲ့ပြီး ထိုအချိန်မှယနေ့အချိန်အထိ ဒလိုင်းလားမား ၁၄ ယောက်မြောက်ရှိပြီ ဖြစ်သည်....
ယနေ့ရှိသော ဒလိုင်းလားမားမှာ *တင်ဇင်ဂျယက်ဆို* ဖြစ်သည်။ ဒလိုင်းလားမားကွယ်လွန်သည့်အခါ သူ့ဝိဥာဉ်သည် အခြားခန္ဓာကိုယ်တစ်ခုတွင် ၀င်စား၍ ကမ္ဘာကြီးတွင်ပြန်လည်မွေးဖွားလာခဲ့သည်ဟု ယုံကြည်ကြသည်။ ဒလိုင်းလားမားသည် တိဗက်လူမျိုးများကို ဆက်လက်ဦးဆောင်၍ကရုဏာတရားတွေကိုလည်း မျှဝေပေးနေလေသည်....
စာအုပ်ဆိုဒ် - 5.2" x 8" ၊ စာမျက်နှာ - 240
-

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။