စင်ကာပူနိုင်ငံ၏ဒုတိယမြောက်ဝန်ကြီးချုပ် ဂိုချောက်တောင်

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    အတ္ထုပ္ပတ္တိနှင့်ကိုယ်တွေ့မှတ်တမ်း
  • မူရင်းဈေးနှုန်း
    6,000 MMK
  • အထူးလျော့ဈေး
    4,800 MMK
  • ရရှိနိုင်မှု
    10 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဂိုချောက်တောင်သည် အလားမလာမရှိသော နိုင်ငံတစ်နိုင်ငံတွင် ယုံရခက်လောက်အောင် ဝန်ကြီးချုပ်တစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်။ နိုင်ငံ့ထိပ်တန်းနေရာသို့ တက်လှမ်းဖို့အတွက် သူ့တွင် အဆက်အသွယ်လည်းမရှိခဲ့။ ဉာဏ်နီ ဉာဏ်နက်များလည်း မသုံးခဲ့။ တစ်ခါကဆိုလျှင် သူ၏ ပြောဆိုဆက်ဆံပုံနှင့်ပက်သက်ပြီး “အသက်မပါ” သည့် ဟန်ပန်ကြောင့် သူ့ဆရာ လီကွမ်ယုက လူသိထင်ရှား ဝေဖန်ခဲ့ဖူးသည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ခန့်ထည်လှသော အရပ်အမောင်းပိုင်ရှင် ဖြစ်သည်မှလွဲ၍ သူသည် သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သည်။ Tall Order စာအုပ်တွင် ရာစုနှစ်ဝက်ကျော် ကာလတစ်လျှောက် သူဖြတ်သန်းလာခဲံသည့် အံ့ဖွယ်ကောင်းလှသော သူ့ဘ၀ဖြစ်စဉ်နှင့် နိုင်ငံရေးခရီးလမ်း အကြောင်းကို ပြောပြထားသည်။ တက်ကြွမှု၊ အင်အား၊ အသိဉာဏ်၊ နိုင်ငံရေး ပညာဉာဏ်တို့ ပေါင်းစပ်မှုဖြင့် စင်ကာပူ၏ ဒုတိယမြောက်ဝန်ကြီးချုပ်အဖြစ် အဆင့်ဆင့် တက်လှမ်းလာခဲ့ပုံမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ သူ့တွင် ထိုအားသာချက်များ ကိန်းအောင်းနေသည်ကို သူကိုယ်တိုင်ရော လူအများစုကပါ မသိခဲ့ကြ။ စာအုပ်အတွဲ ၂တွဲအနက် ဤပထမတွဲတွင် ဂိုသည် လီ၏ အလုပ်သင် အဖြစ် ခက်ခဲလှသော နှစ်,လများကို ဖြတ်သန်းခဲ့သည်။ ထိုကာလအတွင်း မူဝါဒရေးရာအောင်မြင်မှုများစွာ ရရှိခဲ့သည်။ နိုင်ငံရေးထိုးနှက်ချက်များ၊ အရှက်ကွဲမှုများလည်း ရင်ဆိုင်ခဲ့ရသည်။
တရားဝင် ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သည့် ဤကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် နာမည်ကြီး စာရေးဆရာ နှင့် ဂျာနယ်လစ် ပေ့ရှင်ဟွေ့က စင်ကာပူ၏ ပထမဆုံးအကြိမ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲမတိုင်မီ ဂိုနှင့်လီအကြား ညှိုနှိုင်းခဲ့ကြပုံများနှင့် စဉ်းစားဆင်ခြင်ခဲ့ကြပုံများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ စာဖတ်သူ၏ အာရုံကို မလွတ်တမ်းဖမ်းစားထားနိုင်သည့် ဤစာအုပ်သည် စင်ကာပူ၏ အကြီးကျယ်ဆုံးနှင့် အရေးပါဆုံး နိုင်ငံရေးဖြစ်စဉ်များနှင့် စီးပွားရေးဖြစ်စဉ်များကိုပါ ရှားရှားပါးပါး လေ့လာခွင့်ရရှိနိုင်မည့်စာအုပ်ဖြစ်ပေသည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

စာမျက်နှာ
448

စာအုပ်အရွယ်အစား
5.5 x 1.1 x 8.2 inches

ပုံနှိပ်မှတ်တမ်း
ဆုပြည့်စုံထွန်းစာပေ၊ 2020 မတ်လ၊ (ပအကြိမ်)

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950