ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။
အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို အသက်မရှူစတမ်း ဇောအဟုန်ပြင်းပြင်းနဲ့ ဖတ်ရှုနိုင်ဖို့ ရေးသားဖန်တီးတဲ့နေရာမှာ အင်မတန် နာမည်ကြီးတဲ့ ဗြိတိသျှ စာရေးဆရာ ဂျက်ဖရီအာချာရဲ့ Nothing Ventured – ဘာသာပြန်အမည် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟာ သူ့ရဲ့ New York Times အရောင်းရဆုံး ဟယ်ရီကလစ်ဖ်တန်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်တစ်ဦးဖြစ်သူ ဝီလျံဝေါရစ်ရဲ့ ပထမဆုံး အမိုက်စားဇာတ်လမ်း။ ဝီလျံဝေါရစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ အမြဲဆန္ဒရှိခဲ့ပြီး အဲ့ဒါက သူ့ကို ဥပဒေပိုင်းမှာ လုပ်ကိုင်စေချင်တဲ့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်တယ်။ဘတစ်ပြန် ကျားတစ်ပြန်ရဲ့ဇာတ်လမ်းအစက ဝီလျံတစ်ယောက် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ မက်ထရိုပိုလီတန် ရဲအဖွဲ့မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ရာကနေ စတင်ထားတာ။ ဇွဲရှိတဲ့ ဝီလျံရဲ့ ဘဝအကြောင်း ပထမဆုံး ဒီစာအုပ်မှာ သူ့ဘဝအကြောင်းကို အခြားဇာတ်ကောင်တွေနဲ့ ဝန်းရံ ဖန်တီးထားတယ်။ စုံထောက်ကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတဲ့ ဝီလျံဟာ စကော့တလန်ယာ့ဒ်ကို ပြောင်းရွှေ့ရာမှာ ကြုံသူတွေက လူကောင်းတွေတင်မက လူဆိုးတွေပါ ကြုံရတယ်။
ဝီလျံဟာ ဖစ်မိုလင်ပြတိုက်က တန်ဖိုးမဖြတ်နိုင်တဲ့ Rembrandt ပန်းချီကား ခိုးယူမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ ပြခန်း သုတေသနလက်ထောက် ဘက်ရိန်းဖို့ဒ် နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက် နည်းပါးစွာတွေနဲ့ပဲ သူမကို ဝီလျံ ချစ်မိခဲ့တယ်။ အမှုလမ်းကြောင်းပေါ် လိုက်နေစဉ်မှာ ဝီလျံ ကြုံရတာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုပါ ကြုံခဲ့ရတယ်။ ဂျက်ဖရီအာချာ ဇာတ်လမ်းပီသစွာ အသည်းတယားယား ဖတ်ရင်း သက်မချရတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကောင်တွေက အပိုအလိုမရှိ သရုပ်ဆောင်ထားတယ်။ ဘာသာပြန်သူ ဆရာထင်ဇော်မှူးသင်ရဲ့ လက်ရာကလည်း ရှေ့မှာ အမိုက်စား စုံထောက်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို မျက်ဝါးထင်ထင် မြင်နေရသလို ပြန်ဆိုရေးသားနိုင်တာကို ဖတ်ရှုရပါမယ်။မထင်ရလောက်တဲ့ လှည့်ကွက်တွေ၊ အောင်ပွဲတွေနှင့် စိတ်မကောင်း ကြေကွဲစရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ရသမြောက် အမိုက်စား စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ အက်ရှင်နဲ့ သည်းထိပ်ရင်ဖို နှစ်သက်တဲ့ စာဖတ်ပရိသတ်တို့ လက်မလွှတ်ဘဲ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ရသမြောက် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။ အလုပ်သိပ်များမယ့် ကာလမျိုးမှာ အစလုပ်ပြီး မဖတ်လိုက်မိပါစေနဲ့။ စဖတ်လိုက်တာနဲ့ တစ်ဆက်တည်း ဇာတ်သိမ်းထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်း
စာမျက်နှာ
437
စာအုပ်အရွယ်အစား
5.6 x 0.6 x 8.2
ပုံနှိပ်မှတ်တမ်း
မဟာစာပေ၊ 2022 မတ်လ(ပထမအကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။