အမ္ဘပါလီ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    5,500 MMK
  • ရရှိနိုင်မှု
    257 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

အမ္ဗပါလီ ဇာတ်လမ်းသည် အိန္ဒိယ ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇာတ်ဆရာတို့၏ သည်းခြေကြိုက် ဇာတ်လမ်းတစ်ခုဖြစ်ခဲ့သည်။ ကဗျာဆရာများကလည်း အမ္ဗပါလီ၏ ဘဝနှင့် ပတ်သက်သည့် ကဗျာများကို စပ်ဆိုခဲ့ကြသည်။ ဝတ္ထုရေးဆရာများကလည်း အမ္ဗပါလီအကြောင်းကို ဝတ္ထုရေးသားကြသည်။ ပြဇာတ်ဆရာများကလည်း အမ္ဗပါလီ၏ အတ္ထုပ္ပတ္တိကို ပြဇာတ်ပုံသွင်းကြသည်။ ယင်းသို့အားဖြင့် အမ္ဗပါလီအကြောင်း ရေးသားဖွဲ့ဆိုထားသည့် စာများသည် အိန္ဒိယစာပေ၌ နေရာတော်တော်များများ ယူထားသည်ကို တွေ့ရသည်။ အမ္ဗပါလီ၏ဇာတ်လမ်းသည် အိန္ဒိယပြဇာတ်လောက၌လည်း လူသိများသည့် ဇာတ်လမ်းတစ်ခုဖြစ်နေသည်။

ဝေသာလီရှိ မင်းဥယျာဉ်အတွင်း တစ်ခုသော သရက်ပင်ရင်း၌ မွေးဖွားသောကြောင့် “အမ္ဗပါလီ” အမည်တွင်သည်။ အရွယ်ရောက်သောအခါ့ အတိုင်းထက် လှသော လုံမပျိုဖြစ်လာသည်။ ဝေသာလီမင်းသားများသည် အမ္ဗပါလီနှင့် လက်ထပ်ရန်အတွက် တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင်ဖြစ်နေကြသည်။ ဝေသာလီလွှတ်တော်က ဝေသာလီမင်းလုလင်တို့၏ ရန်ပွဲငြိမ်းအေးသွားစေရန်အတွက် အမ္ဗပါလီကို အများပိုင် ပြည့်တန်ဆာအဖြစ် သတ်မှတ်ဆုံးဖြတ်လိုက်သည်။ ဗုဒ္ဓ ဝေသာလီသို့ ကြွလာသောအခါ အမ္ဗပါလီ၏ဥယျာဉ်၌ သီတင်းသုံးတော်မူသည်။ အမ္ဗပါလီသည် ဗုဒ္ဓကို ပင့်ဖိတ်လျက် ဆွမ်းလုပ်ကျွေးသည်။ ဆွမ်းလုပ်ကျွေးပြီးနောက် ဗုဒ္ဓ၏ တရားဒေသနာကို နာကြားပြီးသောအခါ အမ္ဗပါလီသည် သူ၏ ဥယျာဉ်ကို ဗုဒ္ဓအမှူးရှိသော ရဟန်းသံဃာတို့အား ပေးလှူလိုက်သည်။ အမ္ဗပါလီသည် သားဖြစ်သူ ဝေမလကောဏ္ဍည ရဟန်းထံမှ တရားနာကြား၍ အကျွတ်တရားရပြီး သာသနာ့ဘောင်ဝင်ခဲ့သည်။ ကမ္ဘာလောကရှိ အရာဝတ္ထုဟူသမျှ၏ အနှစ်သာရမဲ့ပုံကို တွေ့မြင်သဘောပေါက်ပြီးလျှင် အမ္ဗပါလီသည် ဇရာထောင်းနေပြီဖြစ်သည့် မိမိ၏ ကိုယ်ခန္ဓာကို ကြည့်လျက် သံဝေဂဖြစ်ပြီး ဓမ္မဂီတကို ရွတ်ဆိုသည်။ ထိုဓမ္မဂီတမှာ “ထေရီဂါထာ ပါဠိတော်” ၌ပါရှိသည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

စာအုပ်ထွက်မည့်ရက်
25.3.2022

စာမျက်နှာ
356

ပုံနှိပ်မှတ်တမ်း
လရိပ်မွန်စာပေ၊ 2022 မတ်လ-သတ္တမအကြိမ်

စုံစမ်းရန် အခုဝယ်မယ်

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950