• ကျွန်တော်တို့ တော်တော်များများဟာ ဘဝရဲ့ အထုအထောင်းတွေကို ခံရတဲ့အခါ ပြဿနာတွေကို လျှစ်လျူရှု့ပြီး ကိုယ့်ခေါင်းထဲမှာပဲ အတွေးတွေနဲ့ တဝဲဝဲလည်နေတတ်ကြတော့တယ်။ ဒါကြောင့်ပဲ ရည်ရှည်မှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ တရိပ်ရိပ် မြင့်တက်လာရော။
• တချို့ကျတော့ ဘဝက ကြမ်းလေ အလုပ်မှာပိုကြိုးစား၊ ကျောင်းစာမှာ ပိုကြိုးစားကြလေ။ ဒီလိုလုပ်ခြင်းဖြင့် သူတို့အတွက်ရော သူတို့ချစ်ခင်ရသူတွေအတွက်ပါ ရေရှည်မှာ ပျော်ရွှင်စေလိမ့်မယ်လို့ မျှော်လင့်ချက်ထားကြတယ်။
• တစ်ယောက်တည်းနေ တစ်စိတ်တည်းထားရင်ကော မကောင်းဘူးလား။ လေယဉ်ပေါ်မှာ ကိုယ့် အောက်ဆီဂျင်ဘူးကို အရင်တပ်ပြီးမှ သူများကို ကူညီပါလို့ အကြံပေးသလို ကျွန်တော်တို့ဟာလည်း ကမ္ဘာကြီးနဲ့ အသားမကျခင် မိမိကိုယ်နဲ့စိတ်ကို အရင် အသားကျအောင် ကြိုးစားဖို့လိုပါတယ်။
• ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဟေမန်ဆူနမ်က သူ့ရဲ့ ပထမဆုံးထုတ်တဲ့ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “The Things You Can See Only When You Slow Down” “ငြိမ်းချမ်းမှုကိုရှာဖွေခြင်း” စာအုပ် နောက်ဆက်တွဲအဖြစ် ထုတ်ဝေတဲ့ ယခုစာအုပ်မှာတော့ မိမိကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးကြောင်းကို သူ့ရဲ့ မြော်မြင် ကြင်နာမှုကို အခြေခံပြီး ပြောပြထားပါတယ်။ ကိုယ့်ရဲ့ အမှားတွေကို အရှိအတိုင်း လက်ခံခြင်းဖြင့်သာ ကိုယ့်ရဲ့ မိတ်ဆွေ၊ မိသားစု၊ အိမ်ထောင်ဘက်တို့နဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်းလည်း တင်ပြထားပါတယ်။
စာအုပ်ထွက်မည့်ရက်
25.3.2022
စာမျက်နှာ
192
စာအုပ်အရွယ်အစား
5.5 × 0.5 × 8.2 inches
ပုံနှိပ်မှတ်တမ်း
ပန်းဆက်လမ်းစာပေ၊ 2022 မတ်လ (ဒု-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။