9/11 အပြီး တစ်ကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဖြစ်နေချိန် အာဖဂန်နစ္စတန်ရှိ တိုရာဘိုရာ တောင်တန်းဒေသ လျှို့ဝှက်ဂူကြီးများထဲတွင် အယ်လ်ကိုင်ဒါအဖွဲ့က ဒုတိယအကြိမ် တစ်ကမ္ဘာလုံး ဆူပွက်သွားစေမည့် တိုက်ခိုက်မှုမျိုးကို စနစ်တကျ လျှို့ဝှက် ကြံစည်နေသည်။
တိုက်ခိုက်မည့် နေရာနှင့် အချိန်ကို အိုစမာဘင်လာဒင်နှင့် သူ၏ အတွင်းစည်းမှ လူများမှလွဲ၍ အပြင်လူ ဆိုလျှင် နိုင်ငံတကာဘဏ္ဍာရေးတာဝန်ခံနှင့် ဗြိတိန်ရှိ အယ်လ်ကိုင်ဒါ အထက်တန်း အေးဂျင့်တစ်ဦးတို့သာ သိသည်။
ကံကောင်းထောက်မစွာဖြင့် ပါကစ္စတန်ရှိ ပက်ရှ်ဝါမြို့ တိုက်ခန်းတစ်ခန်းကို ဝင်ရောက်စီးနင်းရာမှ နိုင်ငံတကာဘဏ္ဍာရေးတာဝန်ခံသည် ပေလေးဆယ်အမြင့် တိုက်ပေါ်မှ ခုန်ချ အသေခံသွားခဲ့သည်။ သိမ်းဆည်းရမိသော သူ့လက်တော့ထဲမှ အာရဗီ ဘာသာဖြင့် ရေးထားသော ဖိုင်တစ်ခုထဲတွင် လျှို့ဝှက်သင်္ကတဖြင့် ရေးထားသော ‘စစ်ဆင်ရေးအမည်’ ဟု ယူဆရသည့် စကားလုံးတစ်လုံးကို ဖော်ထုတ်နိုင်ခဲ့သည်။
ထို’စစ်ဆင်ရေးအမည်’ဖိုင်ကို အဓိပ္ပါယ်ဖော် ခြေရာကောက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီနှင့် ဗြိတိသျှ ပြည်ပထောက်လှမ်းရေး MI 6 တို့ ပူးပေါင်းကာ အယ်လ်ကိုင်ဒါ အတွင်းစည်းထဲသို့ ထိုးဖောက် ဖော်ထုတ်ရန် လှုပ်ရှားကြတော့သည်။
ဖရက်ဒရစ် ဖော်ဆိုက်သည် သူ့ရေးဟန်အတိုင်း ဝတ္ထုကို အချိတ်အဆက်မိမိ စာဖတ်သူများကို ဆွဲဆောင်နိုင်ခဲ့သည်သာမက အယ်လ်ကိုင်ဒါ၏ ဖွဲ့စည်းပုံ၊ ကျစ်လျစ်စွာ လှုပ်ရှားနိုင်ပုံ၊ တာလစ်ဘန်နှင့် မည်သို့ မည်ပုံ ချိတ်ဆက်နိုင်ခဲ့ပုံများကို ဗဟုသုတဖြစ်ဖွယ် တိကျသေသပ်စွာ ရေးဖွဲ့တင်ပြထားပါသည်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။