ဆရာ အောင်ကောင်းမွန်၏ ပါးပြင်ထက်ကပါးချိုင့်လေးနှင့် ပန်းနုရောင်နှလုံးသားဝတ္ထုများ စာအုပ်သည် ဆရာ့၏ ဒုတိယမြောက် စာအုပ်ဖြစ်ပါသည်။
ဆရာသည် ဘဝရသများကို အတွေးလှလှနှင့် ရေးပြတတ်သူဖြစ်သည်။ ဆရာ့စာများကို ဖတ်ကြည့်သည့်အခါ တွေးစရာတစ်ခုခု၊ ဒါမှမဟုတ် မှတ်သားစရာတစ်ခုခု၊ ဒါမှမဟုတ် ဆင်ခြင်စရာတစ်ခုခု၊ ဒါမှမဟုတ် လွမ်းစရာတစ်ခုခုကို ခံစားရတတ်သည်။
ယခုလည်း ဆရာသည် ပါးပြင်ထက်က ပါးချိုင့်လေးနှင့် ပန်းနုရောင်နှလုံးသားဝတ္ထုများ ဆိုပြီး အချစ်၊ ဘဝ၊ အလွမ်းများကို ရေးသားဖွဲ့သီလိုက်ပြန်ပြီဖြစ်၏။
ဆရာ့၏စာအုပ်ထဲတွင် ” ခါတော်မီ ” ခေါင်းစဥ်ဖြင့် ကဗျာတစ်ပုဒ်လည်း ပါဝင်သည်။ ကဗျာက –
” ခါတော်မီ”
=======
ဘဝကတိုတယ်
နေမကွယ်ခင်မှာ
ချစ်တယ်ဆိုတဲ့အကြောင်း
ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်း
ပြီးတော့ ….
သူ့မှာ ရှိသမျှ ကောင်းကွက်တွေ
ကျေးဇူးတင်သင့်တဲ့အချက်တွေ
သူနဲ့ ကိုယ့်ကြား
ပြောသွားပါ့ရစေ . . . .
အချစ်နဲ့ ဘဝကို တွဲယှဉ် ဖွဲ့သီထားတဲ့ဘ၀ထဲက ပန်းနုရောင်နှလုံးသား၀တ္ထုများ …

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။