စာရေးသူ၏နဝမမြောက် ပရိတ်သတ်လက်ထဲသို့အပ်နှံလိုက်သည့် Wine and War မူရင်းစာအုပ်ကိုဘာသာပြန်ထားပြီး ယမကာရင်ပြင်တော်လှန်ရေးဟုနာမည်ပေးထားသည့် ယခုစာအုပ်သည် အလွန်တရာစိတ်ဝင်စားဖွယ်ကောင်းသည့်အချက်အလက်များ ပါဝင်သည်ကိုတွေ့ရမှာဖြစ်သည်။ တော်လှန်ရေးဆိုတာ လွတ်လပ်ရေး လွတ်မြောက်မှုရဲ့ပြယုဂ်ဖြစ်တယ်။ထို့အတူတော်လှန်ရေးဆိုတာ အဖိနှိပ်ခံလူတန်းစားအတွက် ကြီးကျယ်ခမ်းနားတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်…၁၉၄၀ခုနှစ် Juneလ ၁၄ရက်နေ့တွင် ပြင်သစ်တို့နာဇီဂျာမနီအောက်ကျရောက်သွားသည့် တော်လှန်ရေးကာလတွင် တိုင်းပြည်၏အမျိုးသားသယံဇာတနိင်ငံဝင်ငွေဒေါ်လာဘီလျံချီရှာပေးသည့် ဝိုင်အရက်လုပ်ငန်းများကို ဂျာမန်တို့လက်ဝါးကြီးအုပ်သိမ်းပိုက်မှုမရှိအောင်အဖိနှိပ်ခံ ပြင်သစ်တော်လှန်ရေးသမားတို့မှအစီမံများချမှတ်ကာကွယ်ခဲ့ပုံကို တင်ပြထားသောစာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ စာအုပ်ရေးသားထွက်ရှိထားသည်မှာ ၂၀၀၂ခုနှစ်ဧပြီလ ဖြစ်သော်လည်းစာအုပ်ထဲတွင်ပါရှိသည့် ဒုတိယကမ္ဘာစစ်ကြီးနှင့်ပတ်သတ်သည့်အချက်အလက်များမှာအခြားနာမည်ကြီးစာအုပ်များထက်အချက်အလက်မှန်ကန် ဒေါင့်စိနေမှုတို့ကြောင့် ကမ္ဘာတစ်လွှား ဒုတိယကမ္ဘာစစ်နှင့်ပတ်သတ်သည့် စစ်ရေးနိင်ငံရေးပရိတ်သတ်များ၏အားပေးမှုကြောင့် Amazon.com ၊ Booktopia၊ AbeBooksကဲ့သို့သော နာမည်ကြီးစာအုပ်ဖြန့်ချိရေး Website ကြီးများတွင်ကြယ်ငါးပွင့်အဆင့်ရရောင်းအားအကောင်းဆုံးစာအုပ်အဖြစ် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်သည်။
မူရင်းစာအုပ်ရေးသားသူများဖြစ်သည့် Mr. Donald Kladstrup နှင့်Petie Kladstrup တို့ဇနီးမောင်နှံမှာလည်း ပြင်သစ်နှင့်နော်ဝေးနိင်ငံများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြကာ ABCနှင့် CBS ရုပ်သံဌာနများတွင် ရုပ်သံသတင်းထောက်အဖြစ် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ကြသည်။ သတင်းထောက်အလုပ်တွင် ဘဝကိုမြုပ်နှံခဲ့သည့် MrDonaldမှာ Emmys ဆု(ဖျော်ဖြေမှုရသအပေးနိင်ဆုံးဆု)၊ နိင်ငံရပ်ခြားသတင်းသမားဆု၊ အမေရိကန်ပြည်ထောင်ဆု၏အထင်းရှားဆုံးရုပ်သံသတင်းထောက်ဆု အမေရိကန်နိင်ငံဆိုင်ရာယူနပ်စကိုကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသူတစ်ဦးဖြစ်သည်။မူရင်းစာရေးဆရာ၏ထောင့်ပေါင်းစုံမှတင်ပြထားသဖြင့် ယခုပရိတ်သတ်သိုအပ်နှံလိုက်သည့်ယမကာရင်ပြင်တော်လှန်ရေးစာအုပ်အားပရိတ်သတ်အထူးကြိုက်နှစ်သက်မည်ဟုမျော်လင့်မိပါသည်။
(စာရေးသူ အမှာစာမှကောက်နှုတ်ချက်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။