အလွန်ရှေးကျသော အတွေးအခေါ်အယူအဆများကို လက်ခံထားသည့် ပန်းချီကားအရောင်းဆိုင်များ၌ အရောင်းစာရေးလုပ်ခဲ့ရသောဘ၀…၊
မိမိက အသည်းနင့်အောင်ချစ်ပါသော်လည်း တစ်ဖက်က နည်းနည်းလေးမှ ချစ်တုံ့မပြန်သဖြင့် ချစ်ခွင့်မပိုင်ဖြစ်ခဲ့ရသည့် ဘ၀…၊
ဆင်းရဲသားအလုပ်သမား မိသားစုများကြား၌ တရားသာ ဟောပြောနိုင်ပြီး လက်တွေ့တွင် ဘာအကူအညီမှမပေးနိုင်သဖြင့် ကိုယ်စိတ်နှလုံး ဆင်းရဲခဲ့ရသည့် ဘ၀…၊
အစားအစာကို ၀၀လင်လင်မစားရဘဲ ဇွဲနပဲကြီးစွာဖြင့် စိတ်ခံစားမှုများအပြည့်ပါသော ပန်းချီကားများကို ရေးဆွဲနေခဲ့ရသည့် ပန်းချီဆရာဘ၀…။
စိတ်ကျန်းမာရေး ချို့တဲ့မှုကြောင့် စိတ္တဇဆေးရုံ၌ နေရစဉ်အတွင်း သူ့ပတ်ဝန်းကျင်ရှိ အခြား စိတ္တဇဝေဒနာသည်များအားကြည့်ကာ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရသည့် ဘ၀…။
“ရမ္မက်မီး” ဟု အမည်ပေးထားသော ဤ၀တ္ထု Lust for Life သည် ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုး၏ကြမ်းတမ်းသည့် ဘ၀ခရီးကို ရသအပြည့်နှင့် ရေးဖွဲ့ထားသည့် ၀တ္ထုကြီးဖြစ်သည်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။