သင် အတိတ်ကို သွားခွင့်ရမယ်ဆိုရင် ဘယ်သူနဲ့ ပြန်တွေ့ချင်ပါသလဲ။
ဒါမှမဟုတ် အနာဂတ်ကို သွားခွင့်ရမယ်ဆို ဘာတွေကြိုသိချင်ပါသလဲ…….။
တိုကျိုမြို့ရဲ့လမ်းကြိုလမ်းကြားတစ်နေရာမှာရှိတဲ့ မြေအောက်ကော်ဖီဆိုင်သေးသေးလေးတစ်ဆိုင်က ဧည့်သည်တွေကိုတစ်မူထူးခြားတဲ့ ဝန်ဆောင်မှုတစ်ခုပေးတယ်။ အဲ့ဒါက အတိတ်၊ ဒါမှမဟုတ် အနာဂတ်ကိုသွားပြီး ကိုယ်တွေ့ချင်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ပေးတာပါပဲ။ ဒါပေမယ့် စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေရှိနေတာကြောင့် ကော်ဖီဆိုင်လာတဲ့ ဧည့်သည်တိုင်းက အဲဒီ့အတွေ့အကြုံကို ခံစားခွင့်မရကြဘူး။
လူလေးယောက်ကတော့ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် အချိန်ခရီးသွားဖို့ ဖြစ်လာခဲ့တယ်။ အဲဒီလူလေးယောက်က တစ်ယောက်နဲ့တစ်ယောက် တစ်နည်းနည်းနဲ့ ပက်သက်ဆက်နွယ်နေကြပေမယ့် ဇာတ်လမ်းတွေကတော့ တစ်ပုဒ်နဲ့တစ်ပုဒ် မတူညီကြလို့ ဆက်စပ်မှုမရှိတဲ့ ၀တ္ထုလတ်လေးပုဒ်ကို ဖတ်ရသလို ခံစားရစေပါလိမ့်မယ်။ စာအုပ်တစ်အုပ်လုံးက ကော်ဖီဆိုင်သေးသေးလေးထဲမှာပဲ ပြီးသွားတာဟာ ဒီစာအုပ်ရဲ့ ထူးခြားချက်င်္တွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။