နိုင်ငံမဲ့သားကောင်များ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    3,000 MMK
  • ရရှိနိုင်မှု
    3 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဘဝမှာ ရွေးချယ်ခွင့်တွေထဲက စိတ်ကြိုက်ရွေးခဲ့တာတောင် တစ်ခါတလေ အဆင်မပြေမှုတွေနဲ့ ကြုံရတတ်သေးတာ။ အာဂူးရဲ့ ဘဝကတော့ နေထိုင်ရာ ရွာမှာပဲ မျက်စိရှေ့တင် အဖေက ကျည်ထိပြီး ကျသွားခဲ့တယ်၊ သူဟာလည်း လွတ်ရာကို ထွက်ပြေးပြီး နောက်ဆုံးတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ (အရွယ်မတိုင်ခင်မှာပဲ) ကလေးစစ်သားတစ်ဦး ဖြစ်ခဲ့ရတယ်။
ဒီစာအုပ် ‘နိုင်ငံမဲ့ သားကောင်များ’ မှာ အာဂူးရဲ့ ဘဝကို ရင်နင့်စရာ အကြောင်းနောက်ခံတွေနဲ့ ဖတ်ရှုရမှာပါ။ အာဂူးဟာ ငယ်စဉ်ကတည်းကပင် အမေရဲ့သင်ယူမှုနဲ့ Bible ကို ဖတ်ရှုနိုင်သူလေးတစ်ဦးဖြစ်ပြီး ဖခင်ကျောင်းဆရာရဲ့ ပညာရိပ်မြုံမှာ ဘဝကို နေသားတကျ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားလူငယ်လေးတစ်ဦးပါ။ အတန်းဖော်တွေက “မင်းက ပညာတော်တော့ တက္ကသိုလ်ရောက်ပြီး ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ ဖြစ်နိုင်တယ်” လို့ အပြောခံရသူ စာတော်တဲ့ကျောင်းသားလေး အာဂူးဟာ စစ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအရ မိဘ မဲ့ခဲ့ရပါတယ်။ သူငယ်ချင်းတွေ မဲ့ခဲ့ရတယ်။ နွေးထွေးတဲ့ နေထိုင်ရာရိပ်မြုံ မဲ့ခဲ့ရပါတယ်။ အေးချမ်းသာယာတဲ့ လူ့အသိုင်းအဝိုင်း ကင်းမဲ့ခဲ့ရပါတယ်။ မေတ္တာကင်းမဲ့တဲ့ လက်နက်ကိုင် အသိုင်းအဝိုင်းမှာ ငယ်ရွယ်သူပင် ဖြစ်လင့်ကစား တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းကို ခေါင်းဆောင်ရဲ့စိတ်အလိုကျ သတ်ရဲသေရဲတဲ့ လက်နက်ကိုင် ကလေးစစ်သားတစ်ဦးဖြစ်ခဲ့ရပါတယ်။
နိုင်ဂျီးရီးယား-အမေရိကန် စာရေးဆရာ Uzodinma Iweala ရဲ့ ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Beasts of No Nation ဟာ နိုင်ငံတကာမှာ အောင်မြင်တဲ့ ကလေးစစ်သားအကြောင်းနဲ့ စစ်ပွဲနောက်ခံ စာအုပ်တွေထဲက တစ်အုပ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ထိုအမည်နဲ့ပဲ Netflix က ရုပ်ရုပ်အဖြစ် ဖန်တီးကာ ပြသခဲ့ပါတယ်။
ဘယ်နိုင်ငံမှာ ဖြစ်ခဲ့တယ်လို့ အတိအကျ မဆိုထားဘဲ အာဖရိကတိုက်ထဲက စစ်ပွဲတွေနဲ့ ကလေးစစ်သားတို့ရဲ့ ဘဝဇာတ်ကြောင်းကို အာဂူးက တိုက်ရိုက်ပြောပြနေသလို ပထမနာမ်စားနဲ့ ရေးသားတင်ဆက်ထားပါတယ်။ ဒီအတွက် အာဂူးဟာ တစ်ကမ္ဘာလုံးက နိုင်ငံမဲ့ ကလေးစစ်သား အားလုံးကိုလည်း ကိုယ်စားပြုပါတယ်။ ဘာသာပြန်သူ ဆရာဦးဝင်းငြိမ်းရဲ့ ထိမိတိကျချောမွေ့တဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပြေပြစ်တဲ့ စကားပြေကလည်း ကိုယ်တိုင်ကိုယ်ကျ အာဂူးပြောတာကို နားထောင်နေရသလို ခံစားရစေမှာပါ။ #နိုင်ငံမဲ့သားကောင်များ ကနေတဆင့် အာဂူးလို အပြစ်မဲ့တဲ့ ကလေးစစ်သားတို့ရဲ့ ဘဝကို နိုင်ငံတကာကလည်း ပိုမို နားလည်ခဲ့ကြပါတယ်။

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950