ပြင်သစ်စာရေးဆရာကြီး Philippe Besson ရဲ့ ဝတ္ထုဖြစ်တဲ့ Arrte avec tes mensonges ကို အမေရိကန် ရုပ်ရှင်မင်းသမီး Molly Ringwald က Lie with me အမည်နဲ့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြီး အဲဒီ အင်္ဂလိပ်ဘာသာပြန်မူကို ဆရာလင်းခန့်က “ငယ်သူမို့ အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုထားတဲ့ ဝတ္ထု။
ဒီဝတ္ထုနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ The New Yorker အပတ်စဥ်ထုတ် မဂ္ဂဇင်းမှာ “…တစုံတဦးသို့ သိသာထင်းရှားသော ရည်ညွှန်းချက်နှင့် အစပြု၍ တွန့်ခေါက်ကျိုးကြေနေသော စာတစောင်ဖြင့် အဆုံးသတ်ထားသည့် ဤဇာတ်လမ်းမှာ ဝတ္ထုလား၊ ဝတ္ထုဟန် အတ္ထုပ္ပတ္တိလား၊ ကိုယ်တွေ့မှတ်တမ်းလား… လို့ ဆိုထားပါတယ်။
ဘဝမှာ မပေါင်းဖက်ခဲ့ရရှာတဲ့ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ကြားက သိုသိပ်လျှို့ဝှက်တဲ့ အချစ်ကို ရည်ရော်မှန်းဆ၊ လွမ်းတသသနဲ့ ခံစားရစေမယ့် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်းတခု။
အဓိကဇာတ်ကောင် သောမတ်စ်အန်ဒရူးကို ဗဟိုပြုပြီး လှည့်ပတ်ရာက ထွက်ပေါ်လာတဲ့ ဇာတ်လမ်း။ အနှစ်နှစ်ဆယ်ကြာတဲ့အထိ တည်တံ့နေခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း။
စာဖတ်သူအနေနဲ့ Brokeback Mountain ရုပ်ရှင်ကို နှစ်သက်ခဲ့ဖူးတယ် ဆိုရင် “ငယ်သူမို့ ကိုလည်း နှစ်ခြိုက်မိမှာ မလွဲ။
စာအုပ်လေး ဖတ်ပြီး တေးသံရှင် စိုးလွင်လွင် ကိုယ်တိုင် ရေးစပ် သီဆိုထားတဲ့
“စိတ်အလိုကို လိုက်ကာ… ငယ်သူမို့ မသိတတ်ခဲ့ပါ
ဟိုးတချိန် ပြန်လွမ်းစရာ… ပျော်ရွှင်သော အချစ်ရက်များစွာ
တို့နှစ်ယောက်ရဲ့ အချစ်ဟာ… ငြိမ်းချမ်းတဲ့ ကံဇာတာနယ်မှာ
လမ်းဖြောင့်ဖြောင့် သာမယ်ထင်ခဲ့တာ… ဆိုတဲ့ “ငယ်သူမို့ သီချင်းလေးကို နားဆင်မိမယ် ဆိုရင် စာဖတ်သူအနေနဲ့ မဆုံဖြစ်ခဲ့တဲ့ ငယ်ချစ်ဦးကို (ရှိခဲ့မယ် ဆိုရင်) တမ်းတသသ မှန်းဆ လွမ်းဆွတ်မိလိမ့်မှာ…။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။