၁၉၃၆ခုနှစ် ဧပြီလတွင် အမေရိကန်ပြည်ထုတ် အက်စ်ကွိုင်းယားမဂ္ဂဇင်းအတွက် ရေးသားပေးပို့သော “ရေပြင်ပေါ်မှာ” အမည်ရှိ ပင်တိုင်ဆောင်းပါး၌ သူသည် ကျူးဘားကျွန်းနှင့် မြောက်အမေရိကတိုက် တောင်ဘက်အစွန်းတစ်ဝိုက်၌ ငါးဖမ်းရသည်မှာ နှစ်သက်ဖွယ်၊ စိတ်ဝင်စားဖွယ်ရှိပုံရေးသားခဲ့သည်။ ထိုဒေသတွင် ကျက်စားသော မာလင်ငါးကြီးများအကြောင်းလည်းပါသည်။ ဆောင်းပါးတစ်နေရာတွင် ငါးဖမ်းရင်းကြားသိခဲ့ရဖူးသော ဇာတ်လမ်းတစ်ခုအကြောင်းကို ဖော်ပြသော စာတစ်ပိုဒ် ပါဝင်လေသည်။
တစ်ကြိမ်သောအခါက အဘိုးအိုတစ်ဦးသည် တံငါလှေလေးတစ်စင်းဖြင့် ပင်လယ်ထဲသို့ တစ်ကိုယ်တည်း ငါးဖမ်းထွက်ခဲ့ဖူးသည်။ မာလင်ငါးကြီးတစ်ကောင်ကို ငါးမျှားချိတ်တွင် ချိတ်မိ၍ ပင်လယ်နက်ထဲသို့ ပါသွားသည်။ ထိုအချိန်မှ နှစ်ရက်ကြာပြီးနောက် အခြားတံငါတို့သည် အဘိုးအိုအား ကမ်းခြေအရှေ့ဘက် မိုင်၆၀ဝေးသောနေရာတွင် သွားတွေ့၍ ပြန်လည်ခေါ်ဆောင်လာကြရသည်။ သူ့ကိုတွေ့သောအချိန်၌ ငါးကြီး၏ခေါင်းပိုင်းနှင့် ရင်ပိုင်းအချို့သာကျန်တော့သည်။ သူသည် ငါးကြီးကို လှေနှင့်တွဲ၍ ချည်လာခြင်းဖြစ်သည်။ ကြွင်းကျန်သော ငါးကြီး၏အသားများမှာ ပေါင်ချိန်ရှစ်ရာထွက်သည်။ အဘိုးကြီးသည် ငါးကြီးနှင့်အတူ တစ်နေ့နှင့်တစ်ည ၊ ပြီးတော့ နောက်ထပ်တစ်နေ့နှင့် တစ်ညမျှ အတူနေရင်း ငါးကြီးဆွဲရာသို့ ပါသွားခဲ့သည်။ ငါးကြီးပေါ်လာသောအခါ လှေနားသို့ဆွဲ၍ မှိန်းနှင့် ထိုးပြီး သတ်ခဲ့ခြင်းဖြစ်သည်။ ငါးသေကောင်ကြီးကို လှေနှင့်တွဲ၍ ချည်လာသောအခါ ငါးမန်းများနှင့် တွေ့၍ အဘိုးအိုသည် ငါးမန်းများကို ရှိရာလက်နက်ဖြင့် တစ်ကိုယ်တည်း ထိုးခုတ်၊ ရိုက်ပုတ်၍ တိုက်ခိုက်လာခဲ့သည်။ တံငါများက သူ့ကိုတွေ့သောအချိန်၌ အဘိုးအိုသည် လှေပေါ်တွင် ငိုကြွေးလျက်ရှိပြီး ငါးမန်းများမှာလည်း လှေအနီးတွင် ရစ်ဝဲလျက်တွေ့ရသည်။ ” ဟုရေးသားထားသည်။
ထိုဆောင်းပါးထဲတွင် သာမာန်မျှသာတင်ပြခဲ့သော အဖြစ်အပျက်ဇာတ်လမ်းကလေးသည် စာရေးဆရာ၏စိတ်ထဲတွင် ၁၅နှစ်မျှ ကိန်းအောင်းနေခဲ့သည်။ ထိုအဖြစ်အပျက် ဇာတ်လမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုသဘောကို သဲကွဲစွာ အဖြေထုတ်ယူမိပြီးနောက်တွင် “ပင်လယ်ပြာနှင့်တံငါအို” ဇာတ်လမ်းသည် အသက်ဝင်လာခဲ့ရလေသည်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။