ဆရာကောင်းသန့်၏ အမျိုးသားစာပေဆုရ ပထမဆုံး ပင်ကိုရေး၀တ္ထုရှည်။ ဤ၀တ္ထုကို ချင်းပြည်နယ်၊ တောင်ပေါ်ရွာကလေးတစ်ရွာတွင် ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်နှင့် စောင်ခြုံပြီး ရေးခဲ့ရသော ဆရာကောင်းသန့်၏ အမှတ်တရ ဘ၀မှတ်တိုင်။ အမြဲတသလွမ်းမောရပြီး ဘ၀တစ်သက်မေ့ဖို့ခက်သည့် အိပ်မက်အလွမ်းဟုဆိုထားသည်။ ကိုငယ်၊ မမနွယ်၊ မောင်မောင်၊ မြင့်ဆွေ၊ နီလာကျော်တို့၏ အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀မှသည် လုပ်ငန်းခွင်ရောက်သွားသည်အထိ ခြယ်မှုန်း၊ ပြသထားသော ခြောက်ပွင့်ဆိုင် အချစ်၊ ဘ၀၊ အလွမ်းဇာတ်လမ်း။
အချစ်ဆိုတာ ဓာတ်ငွေ့ထုတ်သလို အီကွေးရှင်းတွေ ရွတ်ပြလို့ ရမလားကွ။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း နားလည်နိုင်တဲ့ ခံစားမှုပဲ…လို့ဆိုလာတဲ့ ကိုငယ်။
အချစ်ဆိုတာ ငါ့အိတ်ထဲမှာ ချိတ်ထားတဲ့ဖောင်တိန်လေးတစ်ချောင်းလို မရှိမဖြစ်တဲ့ အရာ၀တ္ထုတစ်ခုလိုပဲ ငါမြင်တယ်….. ဆိုတဲ့ မြင့်ဆွေ။
ခြေရာလေးကြောင့် အသည်းထောင့်မှာ စိုးနှောင့်ဗျာဝေ၊ ဖြေမပြေမိုး၊ ခြေရာပြန်ဖျက်ပေးလှည့်ပါ….. ဆိုတဲ့ ခင်မျိုးကြွယ်။
မိဘရဲ့ အမှာစကား နားထဲမှာကြားနေတုန်းအချိန်။ ကိုမြင့်ဆွေကို အဖြူအမဲ သဲကွဲအောင် ပြတ်ပြတ်သားသားအဖြေတောင်းနေတော့ နီလာဘာဖြေရမလဲ။ နီလာ့နေရာက ဝင်စဉ်းစားကြည့်ပေးပါဦး ပြောလိုက်တဲ့ …… နီလာကျော်။
မမနွယ်အတွက် အငယ်ကိုစိတ်ထိခိုက်ခံစားရတာမျိုးမဖြစ်စေချင်ဘူး။ မမနွယ်လည်း အချစ်နဲ့ ပက်သက်ပြီးထပ်မခံစားချင်တော့ဘူးကွယ်လို့ဆိုလာတဲ့….. မမနွယ်။
နွယ့်ကိုတကယ်ချစ်တာပါကွာ။ ဒါပေမယ့် အိမ်က အတင်းအကျပ် အဆင်အသွယ်ဖြတ်ခိုင်းတော့ ငါမဆက်သွယ်ရဲဘူး။ အဖေ့ကိုကြောက်တယ်ဟုပြောခဲ့သည့်….. မောင်မောင်။
သူတို့ခြောက်ဦး၏ ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်း…… အိပ်မက်အလွမ်း..။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။