သောတာပန်မဖြစ်ကြလည်း လောကဓံကိုချစ်ရစမြဲ ဆိုတဲ့ စာအုပ်အပေါ် ကျနော် ရိုးရိုးရှင်းရှင်းတွေးထားတယ်။ ခင်ဗျားတို့လည်း ရိုးရိုးရှင်းရှင်းခံစားရမှာပါ။ ခေတ်ပေါ်လောကမှာ ကဗျာတစ်ပုဒ်ဖတ်ပြီး အခန်းကျဉ်းလေးထဲမှာ စီးကရက်တိုတွေနဲ့ မှောင်မိုက်စေတဲ့ခံစားချက်မျိုး မပေးချင်တော့ဘူး။ တစ်ပုဒ်ဖတ်ပြီး ငြိမ့်ငြိမ့်လေး ပြုံးမိအောင် ကဗျာနဲ့ပြုလုပ်ပေးချင်စိတ်ကြောင့် အမှောင်ခံစားချက်တွေ တတ်နိုင်သမျှ လျှော့ချထားတယ်။
သေချာတာက-ဖတ်ပြီးရင် တစ်စုံတစ်ယောက်ကို ပြေးတွေ့ချင်စိတ်၊ ပြေးဖက်ချင်စိတ်၊ ဖတ်ပြီး ကြည်နူးစေဖို့၊ စိတ်အကြည်ဓာတ်လေးရဖို့၊ ကျွန်တော့်ရင်ဘတ်စက်ရုံက ထုတ်လုပ်ပေးလိုက်တဲ့ စိတ်ကြည်ဆေးဝါး တစ်ခုဖြစ်စေမယ်လို့ ယုံကြည်မျှော်လင့်ရင်း...သောတာပန်မဖြစ်ကြလည်း လောကဓံကိုချစ်ရစမြဲ.ဆိုတဲ့စာအုပ်လေးကို ရေးသားလိုက်ခြင်းဖြစ်ပါတယ်…..

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။