ကံ့ကော်နီ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    3,200 MMK
  • ရရှိနိုင်မှု
    3 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ကံ့ကော်ပင်ကြီးက မြေမှာပေါက်နေခြင်း မဟုတ်။
ရေတွင်းပျက်ကြီးထဲက ထိုးထွက်နေခြင်းဖြစ်၏။ ကံ့ကော်ပွင့်က တစ်ပွင့်တည်းသာ ကျန်တော့သည်။ အနားကပ်သွားပြီး ခူးမယ်လုပ်တော့ ကတ်ပြားလေးတစ်ခု ချိတ်ဆွဲထားတာ တွေ့ရသည်။
‘ပိုင်ရှင်ရှိသည် .. မခူးရ’
သူစိတ်ပျက်ပြီး ပြန်အလှည့်တွင် သူ့ရှေ့မှာ တစ်စုံတစ်ယောက်က ရပ်စောင့်နေသည်။ ထိုသူ၏ မျက်နှာရှေ့မှာ ရေခိုးရေငွေ့တွေလို အရာများက ကာရံထားသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရ။ ထိုသူက –
“နင့်ဆန္ဒအတိုင်း ငါ့မျက်နှာကို ဘယ်တော့မှ မမြင်မတွေ့စေရဘူးလို့ ကတိပေးခဲ့တာကို ယုံပြီ မဟုတ်လားဟင်” ဟု ပြောသည်။ မျက်နှာကို မမြင်ရပေမယ့် အသံကိုတော့ ကြားရတာပဲ။ သည်အသံကို မှတ်မိသည်။ ထိုသူက –
“နင့်ကို ငါ ပန်းပေးပါတယ်” ဆိုပြီး ကံ့ကော်တစ်ပွင့် လှမ်းပေးသည်။ သူ့လက်ထဲက ကံ့ကော်ပွင့်သည် အဖြူရောင်မဟုတ်။ အနီရောင်။
ရဲရဲနီနေသော ပန်းတစ်ပွင့်။
ကံ့ကော်နီ ? …

စိုးချစ်၊ ခင်မေတင့်၊ မေရီအောင်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရိုးရိုးလေးကို ဆရာမင်းလူရဲ့ ကလောင်စွမ်းနဲ့ ကာလဒေသနောက်ခံ ကံ့ကော်ပင်ကြီးနဲ့ ရေတွင်းပျက်ကြီးရှိရာ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တစ်ခုမှာ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းတွေရဲ့ ဇာတ်လမ်းတွေ ခြံရံလိုက်တော့ အလွန်ပင် ချစ်စဖွယ်ကောင်းတဲ့ ‘ကံ့ကော်နီ’ ? ဖြစ်လာရပါတယ်။

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950