အခါတစ်ပါး

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    3,500 MMK
  • ရရှိနိုင်မှု
    2 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

တချို့တံခါးတွေကျတော့ တစ်ကြိမ်ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့်မရှိတော့ဘူး။

ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီကြာနေတာတောင် သူကြိုက်တဲ့ကော်ဖီအရသာကို မှတ်မိနေတာမျိုး။

ချစ်တယ်ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါးစားနေချိန် ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေးထည့်ပေးလိုက်တာမျိုး။

ဖွင့်ဟပြောမှချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး။

စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက်အတွက် ဘာလို့များ အခွင့်အရေးမရှိခဲ့တာလဲ။

မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်မလာခဲ့တာတောင် ကံကြမ္မာကိုယုံကြည်ပြီး နှစ်ရှည်လများစောင့်စားနေခဲ့သူ လေးလေးမော်။

ဘယ်တော့မှမပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်းထပ်ကြားစရာမလိုဘဲ မြူမှုန်လေးတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ကောင်းချောလေး ဖိုးသက်။

သဘောကောင်းသူတစ်ယောက်လို့ ပတ်ဝန်းကျင်ယုံမှတ်စေဖို့ စည်းတွေဘောင်တွေကြားမှာ အတင်းလူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။

သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။

အမျိုးသားစာပေဆုရ ဆရာမစံပယ်ဖြူနုရဲ့ ပထမဦးဆုံးလက်ရာဖြစ်တဲ့ ၀တ္ထုလတ်။

လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ၀တ္ထုတစ်ပုဒ်။

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950