ယခုစာအုပ်သည် ဆရာနာဂသိန်းလှိုင်ကိုယ်တိုင် ဆရာညီပုလေးအား ပြောပြခဲ့သည့် သူ့ဘဝဇာတ်ကြောင်း (စီ ၆၀ အခွေ ၃၀တိတိ)ကို စာရေးဆရာအတတ်ပညာနှင့် စာပန်းချီခြယ်သပြထားတာဖြစ်ပါတယ်။
ဆရာသိန်းလှိုင်၏ ဆရာဝန်ဘဝက အင်မတန်စိတ်ဝင်စားစရာကောင်းသည်။ သူရောက်လေရာပြဿနာ။ သွားလေရာရာ ပြဿနာတွေ့ရပါစေရဲ့လို့များ ဘဝဘဝက ဆုတောင်းခဲ့လေသလားမသိ။ ပထမဆုံး သူကြုံရသည့်ပြဿနာက အလုပ်သင်ဆရာဝန်အားလုံး လစာရရှိရေး။ သူတို့နှစ်က နောက်ဆုံးနှစ်အောင်ပြီး အလုပ်သင်ဆရာဝန်အားလုံး လစာရရှိရေး။ သူတို့နှစ်က နောက်ဆုံးနှစ်အောင်ပြီး အလုပ်သင်ဆရာဝန်ဖြစ်သွားသူ ၁၈၅ဦးရှိသည်။လစာ ၂၀၅ကျပ်ကို ဆရာဝန်၈၅ဦးသာရပြီး ကျန်ဆရာဝန် ၁၀၀က ဘာလစာမှ မရလေ။ သက်ဆိုင်ရာကို ဒီကိစ္စအရေးဆိုဖို့ Young Doctors Association (ဗမာပြည်လုံးဆိုင်ရာ ဆရာဝန်ငယ်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဝန်များအဖွဲ့) ဖွဲ့သည်။ သူက အတွင်းရေးမှူး။ ဒီအရေးကို သူအားသွန်ခွန်စိုက် လုပ်သည်။ သပိတ်တိုက်ပွဲဆင်သည်။ ပရိယာယ်ကြွယ်သော အစိုးရ၏ ကိုင်တွယ်မှုကြောင့် သူတို့သပိတ် ပြိုကွဲသွားသည်။ ရေထဲမိုးထဲမှာ တောင့်မခံနိုင်သည့် သူ့ရဲဘော်တွေကို သူအတော်စိတ်ပျက်သွားသည်။
ဒေါက်တာအောင်ကြီး၏ အမှာစာမှကောက်နှုတ်ချက်
ယခုစာအုပ်တွင် ခွဲစိတ်ကုဆရာဝန်ကြီး နာဂသိန်းလှိုင်၏ သာသနာပြုမစ်ရှင်၊ ဘော်ဒါကျောင်းသားအရွယ်ကစပြီး နာဂဆရာဝန်အဖြစ် အသိအမှတ်ပြုခံရတဲ့ကာလအတွင်းက အချိုးအကွေ့၊ အလှည့်အပြောင်း၊ အနိမ့်အမြင့်၊ အဆင်းအတက် ဘဝတွေရဲ့အကြောင်း ဖတ်ရှုရမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။