ကျွန်တော်တို့ စာအုပ် ဘာကြောင့် ဖတ်ကြသလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ဘဝကို တိုးတက်ချင်လို့၊ သင်ခန်းစာတွေ လိုချင်လို့၊ ဆုံးမတာ ခံချင်လို့ စသည်ဖြင့် ဆိုရင်တော့ ဒီစာအုပ်ဟာ ခင်ဗျားနဲ့ ကိုက်ညီမှုရှိမှာ မဟုတ်ဘူး။ Midnight Blue ဟာ ခင်ဗျားကို ဘဝသင်ခန်းစာတွေ၊ ဆုံးမစာတွေ၊ တိုးတက်အောင် ပြုပြင်မှုတွေ ပေးမှာ မဟုတ်ဘူး။ အဲဒီအစား ဘဝမှာ ဘာကြောင့် အသက်ရှင်နေထိုင်နေရသေးတာလဲအတွက် မေးခွန်းထုတ်မှုတွေ၊ လူတစ်ယောက်ရဲ့ အတွင်းထဲက မကွယ်မဝှက်တမ်း ခံစားချက်တွေ၊ လူတစ်ယောက် (ဝါ) အမျိုးသမီးတစ်ယောက်ရဲ့ ချစ်ခြင်းအပေါ်ထားတဲ့ အမြင်တွေကို ခံစားရမှာ ဖြစ်ပါတယ်။
စာအုပ်နှင့် ပက်သက်ပြီး ကိုပေါက် (မန္တလေး) က ဤသို့ မှတ်ချက်ပြုထားသေးတယ်။
” မယ်လွင့် ရဲ့ စိတ္တဇ ဆန်ဆန် အရေးအသားကို ပထမစာအုပ်ကထဲက စွဲခဲ့တယ်ပေါ့။ Midnight Blue (အပြာရောင် သန်းခေါင်ည)မှာတော့ ၀တ္တု အတို (၁၂)ပုဒ်ပါ ပါတယ်။
ဟိုဘက်အခန်းက မိန်းမ၊ ခြောက်ကမ်းပါးစွန်းမှာ၊ The Steak၊ အခန်းနံပါတ် (၆၀၆)၊ အဲဒီအမျိုးသား၊ တမြေ့မြေ့လောင်၊ သတ်သေသွားတဲ့မိန်းမ၊ The Last Memories၊ နာရီ၊ အမျိုးသမီး ငါးယောက်၊ အေး……ခဲ ဆိုတဲ့ ၀တ္တု အတို (၁၁)ပုဒ်နဲ့၊ အပျော်မယား လို့ အမည်ပေးထားတဲ့ ကဗျာတစ်ပုဒ်ပါ၀င်ပါတယ်။
မယ်လွင့် ရဲ့ အရေးအသား၊အကြောင်းအရာနဲ့ အတွေး တွေက ခေတ်မီ တယ်ဆိုတာထက် ခေတ်လွန်တယ်။ မြန်မာမဆန်ဘူး အနောက်တိုင်းဆန်တယ်လို့ ပြောရင် ရပါတယ်။
အဲ့တော့ ဇာတ်လမ်းဇာတ်ကွက် အတင်အချ နဲ့ စာသား အနုအလှတွေကို နှစ်သက်တဲ့စာဖတ်သူများကတော့ ကြိုက်နှစ်သက်မယ် မထင်ပါဘူး။
နောက်ပြီး ကျွန်တော်တို့ မြန်မာပြည်က လူတွေမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာတို့ သတ်သေတာတို့ကို အဖန်ငါးရာ ငါးကမ္ဘာဆိုတာကြီးနဲ့ ချုပ်ထားတော့ တော်ရုံစိတ်နဲ့တော့ သတ်မသေပါဘူး။ သတ်သေလောက်အောင်လဲ စိတ်ခံစားမူ့ မပြင်းထန်တဲ့လူစားတွေဖြစ်နေကြလို့ပါ။ နောက်မြန်မာလူမှု အသိုင်းအဝိုင်းအများစုက တစ်ကိုယ်တော်အထီးကျန်စွာနေလေမရှိဘဲ အဖော်နဲ့ အပေါင်းနဲ့ နေတတ်သူတွေဖြစ်လေတော့ တစ်ယောက်ထဲ ကြိတ်မှိတ်ပြီးခံစားရတဲ့အဆင့်ထိမရောက်ပါဘူး။
“ရင်မှာခံစား သူမမြင်နိုင်ပေ အသဲထဲက အတွင်းကြေ” လို့ ဆိုရလောက်အောင် မခံစားရပါဘူး။ နီးစပ်ရာ သူငယ်ချင်းတွေကို ရင်ဖွင့်နိုင်ခွင့်ရှိတဲ့ လူ့မူ့အသိုင်းအဝုိင်းပါ။ ကာယကံရှင်က ပြောမပြရင်တောင်မှ ဇွတ်မေး ဇွတ်သိအောင်လုပ် ဇွတ်၀င်ဖြေရှင်းတဲ့ စရိုက်ရှိလေတော့ သတ်သေတဲ့အဆင့်ထိမရောက်တာပါ။
သူများကို ရက်ရက်စက်စက်သတ်ရလောက်အောင်လဲ သတ္တိ မရှိပါဘူး။ ငရဲဆိုတာကြီးနဲ့ဖြဲခြောက်ခံထားရတာ ကလေး ဘ၀ ကတည်းကဆိုတော့ သူများအသက်ကို မသတ်ရက်ပါဘူး။
အဲတော့ ကိုယ့်ကို ကိုယ်သတ်သေတာ တွေ ချစ်သူကို ရော မုန်းသူကိုပါ သတ်ရဲတယ် သတ်ပစ်တယ်ဆိုတဲ့ စိတ္တဇ ဆန်ဆန် ခံစားမူ့တွေရေးဖွဲ့ထားတဲ့ အကြောင်းအရာတွေကို လူတိုင်းနှစ်သက်ဘို့ကတော့ ခဲယဉ်းပါမယ်။
ဒါပေမယ့် လက်ရှိအနေအထားမှာ မြန်မာပြည်မှာလဲ တိုက်ခန်းယဉ်ကျေးမူ့ ထွန်းကားလာပါပြီ။
တစ်ကိုယ်တော် နေထိုင်တဲ့ ဦးရေ ကလဲ ကျားရော မပါ များပြားလို့လာနေပါပြီ။
ဟိုးအရင်က လို အရှေ့(၇)အိမ် အနောက်(၇)အိမ် အားလုံးသိနေကြတဲ့ လူမူ့ နယ်ပယ်ကနေ တစ်စ ထက် တစ်စ ခွဲထွက်လို့လာနေပါပြီ။ ရန်ကုန်မန္တလေးလို မြို့ကြီးပြကြီးတွေမှာဆိုရင် ကိုယ်နဲ့ မျက်နှာချင်းဆိုင်အခန်းမှာ ဘယ်သူတွေနေတယ် ဘာဖြစ်နေတယ်ဆိုတာကို မသိတော့ တဲ့ လူမူ့ဘဝတွေ ရှိနေပါတယ်။
ဒီတော့ လည်း အထီးကျန်ဆန်ခြင်း ရင်ဖွင့်ပြောပြစရာ လူ မရှိခြင်းဆိုတဲ့ ရောဂါတွေက စိတ်ထဲကို ထိုးဖောက်၀င်ရောက်ပြီးသားဖြစ်နေပါပြီ။
လိင်မူ့ကိစ္စနဲ့ပါတ်သက်ရင်လဲ ဘိုးစဉ်ဘောင်ဆက်လက်ခံလာခဲ့ကြတဲ့ အပျိုစင်လေးတို့ လက်မထပ်ခင် ဟွာကို မအပ်နှင်းနိုင်ဘူးတို့ ဆိုတဲ့ အယူအဆ ဘာညာတွေကို ခေတ်ရဲ့လိုအပ်ချက်အရ ရိုက်ချိုးခဲ့ကြတာ နှစ်အတန်ကြာခဲ့ပါပြီ။
ကိုယ်လက်နှီးနှောခံစားခြင်းအတွက် အရင်းအနှီးကြီးကြီးပေးပြီး ဘ၀ကို အဆုံးမခံကြတော့ပါဘူး။ တဒင်္ဂလေးသာကြာမြင့်တဲ့ ခံစားမူ့လေးအတွက် ဘ၀နဲ့ချီပြီး အလောင်းအစား မလုပ်ကြတော့ပါဘူး။ ယာယီသာယာမူ့ အတွက် စိတ်အရှုပ်မခံကြတော့ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာ အပိုင်ရလိုစိတ်ကြီးမြင့်တဲ့လူတန်းစားပါ။
အနောက်နိုင်ငံကလူတွေထက် ကျွန်တော်တို့ အရှေ့တိုင်းသားတွေက ပိုင်ဆိုင်လိုစိတ်ပိုပြီးကြီးမြင့်ပါတယ်။
ဒါပေမယ့် ဒီလို့ဆက်ဆံကြခြင်းရဲ့နောက်ကွယ်မှာ အလိုမပြည့်ခြင်းဆိုတဲ့ရလာဒ်တွေက နောက်ဆက်တွဲပါလာကြတာကို တော့ သတိမထားမိခဲ့ကြပါဘူး။
အဲ့ဒီက စပြီး လူမမြင်နိုင်တဲ့ စိတ္တဇတွေက စွဲကပ်လို့လာပါတော့တယ်။ ဒီအပြာရောင် ညသန်းခေါင် စာအုပ်လေးကို ဖတ်ပြီးရင်တော့ ဒါတွေကို ပိုသဘောပေါက်လာမယ်လို့ထင်မိပါတယ်။
ကဲ ကျွန်တော်ပြောတာ ဟုတ် မဟုတ် တိုက်ကြည့်ရအောင် ဒီစာအုပ်လေးကိုဖတ်ကြည့်လိုက်ပါလား “

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။