နဂါးရဲ့သားတွေမှာ မှော်ဝင်ဓားရှိတယ်
အဲ့ဒီဓားနဲ့ ရန်အားလုံးကို ကာကွယ်
ငါတို့တိုင်းပြည်ကို ငါတို့ပဲ ကယ်တင်နိုင်မယ်
ဟိုချီမင်း (သို့မဟုတ်) ငုယင်စင်ကွန် (၁၉ ရက်- မေလ- ၁၈၉၀ ခုနှစ်) သည် ဗီယက်နမ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သမ္မတ (၁၉၄၅ – ၁၉၆၉) လည်း ဖြစ်ခဲ့သည်။ ဗီယက်နမ် ဂျော့ဝါရှင်တန်အဖြစ်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီက မကြာခဏ ခေါ်ဝေါ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်အား အုပ်စိုးထားသည့် ပြင်သစ်တို့လက်အောက်မှ လွတ်မြောက်ရန်အတွက် တော်လှန်ရေးကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဟိုချီမင်းဟူသည့်အမည်မှာ သူ၏ အမည်ရင်းမဟုတ်ချေ။ ၁၉၄၅ ခုနှစ် ဩဂုတ်လ တော်လှန်ရေးအတွင်းတွင် ဤ ဟိုချီမင်းဟူသည့် အမည်ကို မှည့်ခေါ်ခဲ့သည်။ သူ၏မွေးမည်မှာ ငုယင်စင်ကွန်ဖြစ်သည်။ သူ၏ ကျော်ကြားသောအမည်မှာ ငုယင်အိုက်ကုတ်ဖြစ်ပြီး ငုယင်၏အဓိပ္ပာယ်မှာ အသုံးများသော ဗီယက်နမ်နောက်ဆုံးအမည်ဖြစ်ပြီး အမျိုးသားဟု အဓိပ္ပာယ်ရသည်။ အိုက်ကုတ်မှာ တိုင်းပြည်ချစ်သူဖြစ်သည်။ သို့သော် ဗီယက်နမ်ပြည်သူများက သူ့ကို ဘာ့ပ်ဟို (အန်ကယ်ဟို) ဟူ၍ ချစ်မြတ်နိုးစွာ ရည်ညွှန်းခေါ်ဆိုကြသည်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။