နှင်းသည်းလေရိုင်း

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    7,000 MMK
  • ရရှိနိုင်မှု
    လက်ကျန်မရှိတော့ပါ
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

မှောင်ခိုလောက ခေတ်ကောင်းခဲ့တဲ့ ၂၀၀၀ ခုနှစ်ပိုင်းများမှာ မြီးကောင်ပေါက်စျေးကွက်လို့ ပြောကြတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေကို မှောင်ခိုပစ္စည်း ကယ်ရီသယ်တဲ့နေရာမှာ ကုန်သည်မိန်းမကြီးတွေက အခပေး ခေါ်သုံးခဲ့ကြတယ်။ နှင်းနှင်းဖြူဟာ အဲဒီထဲက တစ်ယောက်ဖြစ်ပြီး၊ သူ့ကို ဖြားယောင်းကာ ကာမလိမ်လည်ရယူအရှက်ခွဲခဲ့တဲ့ လှေပိုင်ရှင်သမက်ကို ပင်လယ်ထဲသွားနေတဲ့လှေပေါ်မှ ဓားနဲ့ထိုးသတ်ပြီး ပင်လယ်ထဲကို ခုန်ချသွားခဲ့တယ်။

နှင်းနှင်းဖြူဟာ သေကံမရောက်ဘဲ ပင်လယ်ဓားပြတွေ ကယ်တင်သွားလို့ ဓားပြဗိုလ်ရဲ့မယား ဖြစ်သွားတယ်။ ပင်လယ်ဓားမြတွေ အခြေစိုက်တဲ့ လျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျားပါးစပ်ကျွန်းမှာနေရင်း ဓားမြဗိုလ်နဲ့သူ့လက်အောက်ငယ်သားတွေကြား ပြဿနာတက်၊ နာဂစ်မုန်တိုင်း​က ကျွန်းပေါ်အထိတိုက်ခတ် စတာတွေကြုံရပြီး နှင်းနှင်းဖြူဟာ ထိုင်းနိုင်ငံရောက်၊ အဲဒီကနေ ရန်ကုန်ရောက်၊ အနှိပ်ခန်းဖွင့် ရှင်သန်ရင်း လင်သုံးယောက်ရတဲ့အထိ သူ့ဘဝဟာ သည်းထိတ်ရင်ဖိုတွေ ဆက်တိုက်ကြုံလာရတယ်။

လောကီပညာရပ်ကို နိုင်ငံရေး၊ စီးပွားရေးမှာ အသုံးချနေကြတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်စပ်ခံလိုက်ပြီး၊ ပါတီတစ်ခုက ပြိုင်ဘက်ပါတီကို အနိုင်ရဖို့ လောကီ ပညာနဲ့ စီရင်တိုက်ခိုက်တဲ့နေရာမှာ ဘုမသိဘမသိ ပါဝင်ပတ်သက်ခဲ့ရကာ၊ ပုပ္ပါးမှာပြုလုပ်တဲ့ အဲဒီပွဲကနေ အပြန်မှာ ပရလောကသား ကားထဲပါလာပြီး ကားမှောက်မီးလောင်တာနဲ့ ကြုံရတယ်။

နှင်းသည်းလေရိုင်းဟာ ၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ် ကာလနောက်ခံဝတ္ထုဖြစ်ပြီး၊ခေတ်ပြိုင်နိုင်ငံရေး၊ စီးပွားရေးလောက ကမောက်ကမတွေ၊ အရှုပ်အထွေးတွေ၊ ကလိမ်ကကျစ်တွေ၊ ယုတ်မာညစ်ပတ်မှုတွေနဲ့ ယက်ရှယ်ထားတဲ့ စိတ်ဝင်စားစရာ လုံးချင်းဝတ္ထုပါ။ စိတ်ထင်ရာ စိုင်းလုပ်တတ်တဲ့ နှင်းနှင်းဖြူရဲ့ ဘဝအရိုင်းနဲ့ လောကမာယာ၊ လူ့မာယာတွေအကြောင်း ရေးဖွဲ့ထားတဲ့ လုံးချင်းဝတ္ထုဖြစ်ပါတယ်။

ပါဝင်သည့်ပစ္စည်းများ :

424

စုံစမ်းရန် အခုဝယ်မယ်

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950