နှလုံးသားအတွက် ရသစာပေဖတ်ပါ။ ဦးနှောက်အတွက် သုတစာပေဖတ်ပါ’ လို့ ပြောကြပါတယ်။ လူချို ဘာသာပြန်တဲ့ ‘ ရိုးရှင်းသောဘဝနေနည်း ‘ ရဲ့ မူရင်းစာအုပ် Shunmyo Masuno – ZEN. The Art of Simple Living ဟာ ကမ္ဘာတစ်ဝှမ်း အုပ်ရေသန်းချီရောင်းချထားတဲ့စာအုပ်ဖြစ်ပါတယ်။ ပျင်းစရာကောင်းတဲ့ သုတဆိုင်ရာ အချက်အလက်တွေ မဟုတ်ဘဲ နေ့စဉ်ရှင်သန်ရတဲ့ လူ့ဘဝမှာ အမျိုးမျိုး လောင်နေတဲ့ အပူတွေကို အရိုးရှင်းဆုံးနည်းနဲ့ ဖြေရှင်းပုံတွေကို ရသသဘောတွေစွက်ပြီး ရင်ထဲထိအောင် ရှင်းပြထားတာပါ။ လောင်နေတဲ့အပူတွေကို ဖြေရှင်းရာမှာ ပင်ပင်ပန်းပန်း လုံးဝဖြစ်မသွားဘဲ နူးညံ့သိမ်မွေ့စွာနဲ့ အေးငြိမ်းမှုကို ရှာဖွေပေးသွားမှာဖြစ်လို့ ယခုလို ကိုဗစ်ကာလမှာ ပူလောင်နေတဲ့ ဘဝများအတွက် အသင့်တော်ဆုံး ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးမှာ ရိုးရှင်းစွာ နေထိုင်နိုင်မယ့် ဇင်ဓမ္မ ဘဝနေနည်းလမ်းညွှန်တွေကို ပြသထားပြီး နည်းလမ်းပေါင်း (၁၀၀) ပါဝင်ပါတယ်။ ကြိုက်တဲ့အခန်းကို ကောက်ဖတ်လိုက်ပါ။ နည်းလမ်းတစ်ပုဒ်က ဇာတ်လမ်းတစ်ပုဒ်လို သင့်ရဲ့ ရင်ထဲမှာ ကိန်းဝပ်ပြီး အေးငြိမ်းရာ လမ်းစကို ရှာဖွေရာမှာ အမြဲတမ်းအတွက် အထောက်အကူပြုနေပါလိမ့်မယ်။ တစ်နည်း ဦးနှောက်အတွက် လိုအပ်နေတဲ့အချက်အလက်တွေကို နှလုံးသားကနေ မှတ်သားထားပေးဖို့ အထောက်အကူပေးနေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
228

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။