ဤပြဇာတ်တွင် ခရစ်မပေါ်မီ နှစ်ပေါင်းလေးဆယ်ခန့်က ရောမ၏သမိုင်းဖြစ်စဉ်တစ်ရပ်ကို ပြထားသည်။
ပြဇာတ်စလျှင်စချင်း ရောမနိုင်ငံရေး၌ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သော ဂျုလိယက်ဆီဆာကို ခြွေရံသင်းပင်းတို့အလယ်၌ ခံ့ညားစွာ တွေ့မြင်ရသည်။ သူသည် စစ်ပွဲအသီးသီးတွင် အောင်ပွဲရခဲ့သည့် သေနာပတိကြီးလည်းဖြစ်သည်။ သူ့ကိုချစ်ခင်လေးစားကြည်ညိုသူများသလောက် မလိုမုန်းထားသူများကိုလည်း တွေ့ရသည်။
ဆီဆာအား ရောမနိုင်ငံရေးလောကမှ ဖယ်ရှားပစ်လိုသည့် ဆန္ဒပြင်းပြနေသည့်သူတစ်ဦးမှာ လွှတ်တော်အမတ် ကစီယပင်ဖြစ်သည်။ ဤသို့ ဖယ်ရှားရာ၌ လုပ်ကြံသတ်ဖြတ်သော နည်းမှတစ်ပါး အခြားမရှိဟု သူယူဆထားသည်။ သို့သော်လည်း ထိုလုပ်ကြံမှုကို မိမိခေါင်းဆောင်၍အောင်မြင်မည်မဟုတ်သည်ကိုလည်း သူသိသည်။ ထိုကြောင့် အများ၏ ကြည်ညိုလေးစားခြင်းကိုခံရသောဘရုတအား ဆီဆာ၏ လုပ်ကြံမှုတွင် ပါဝင်အောင် သူ ဆွဲဆောင်လေသည်။ ဆီဆာအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ပြည်တွင်းရေး အခြေအနေသည် ဘရုတတို့ မျှော်လင့်သလို သာယာစိုပြည်မလာဘဲ ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားကာ သန္တန္တရကပ်ကြီးနှင့် ရင်ဆိုင်ကြရ၏။ ဘရုတနှင့် ကစီယတို့ခေါင်းဆောင်သောအဖွဲ့က တစ်ဖက်၊ အန်တိုနီနှင့် အောတိုဗီယတို့ ခေါင်းဆောင်သောအဖွဲ့က တစ်ဖက် စစ်မက်ဖြစ်ပွားကာ တိုင်းသူပြည်သား အမြောက်အမြား သေကျေပျက်စီးကြရလေသည်။ နောက်ဆုံးတွင် စစ်ရှုံးပြီဖြစ်သော ဘရုတနှင့် ကစီယတို့သည် မိမိတို့ဘ၀ကို အဆုံးစီရင်သွားကြလေသည်။ ဤအဖြစ်အပျက်ကို အခြေပြု၍ စာရေးဆရာကြီး ရှိတ်စပီးယားသည် အာ၀ဇ္ဇာန်းရွှင်ရွှင် စကားလုံးကြွယ်ကြွယ်နှင့် ရောမသမိုင်း၏ အရေးကြီးသောကဏ္ဍလှုပ်ရှားမှုတစ်ရပ်ကို ရေးသားတင်ပြသွားသည်။
စာမျက်နှာ
145
စာအုပ်အရွယ်အစား
5.3 x 0.4 x 8.3 inches
ပုံနှိပ်မှတ်တမ်း
Unityစာပေ၊2017 ဇန်နဝါရီလ(ပ-အကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။