ဒီဇာတ်လမ်းဟာ တန်းမြင့် ထိတ်လန့်သည်းဖို ဖြစ်ရုံတင်မကဘဲ ဖခင်တစ်ယောက်ရဲ့ ပြင်းထန်တဲ့ ပရိဝေဒ အကြောင်း ပီပီပြင်ပြင် ခံစားရေးဖွဲ့ထားတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။
မိန်းပြည်နယ်က လဒ်လိုတက္ကသိုလ်မှာ ကျောင်းသားတွေအတွက် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဒေါက်တာလူးဝစ်ခရဒ်ဟာ သူ့မိသားစုနဲ့ ချီကာဂိုကနေ လာခဲ့တယ်။ သူ့မိန်းမရယ် ငါးနှစ်အရွယ် သမီးနဲ့ သွားပေါက်ခါစ သားငယ်အပြင် အိမ်မွေးကြောင်တစ်ကောင်ပါ ပါလာတဲ့ လူးဝစ်တို့ မိသားစုဟာ သူတို့ နေရမယ့် အိမ်ကြီးကို တွေ့ရပြီး ပျော်သွားကြတယ်။
ခြံစည်းရိုးမရှိတဲ့ အိမ်ကြီးရှေ့မှာ စိမ်းနေတဲ့မြက်ခင်းပြင်ကြီးက တပြန့်တပြောကြီး၊ အိမ်အနောက်ဘက်မှာ ကွင်းပြင်ကျယ်ကြီး၊ အဲဒီအနောက်မှာ ရှည်လျားတဲ့ တောတန်းကြီးနဲ့ သာယာ လှပတဲ့နေရာတစ်ခုကို လူးဝစ်တို့ ရောက်ရှိလာတယ်။ အိမ်ရှေ့က မြက်ခင်းအလွန်မှာတော့ ကုန်တင် ကားကြီးတွေက အရှိန်အဟုန် ပြင်းပြင်းနဲ့ နေ့ည အချိန်မရွေး ဖြတ်သန်းသွားနေကြတယ်။
လဒ်လိုကို ရောက်ပြီး လပိုင်းလောက်အကြာ တစ်ရက်သား လူးဝစ်သမီးလေးရဲ့ အချစ်တော် ကြောင်ကြီး ကုန်ကား အတိုက်ခံရပြီး သေသွားပါရော။ လမ်း ဟိုဘက်ခြမ်း မျက်နှာချင်းဆိုင်အိမ်က အဘိုးကြီး ဂျထ်က လူးဝစ်တို့အိမ် နောက်ဘက် တောတန်းလေးထဲက တိရစ္ဆာန် သင်္ချိုင်းလေးကို ခေါ်သွားတယ်။ အဲဒီ သင်္ချိုင်းလေး အနောက်ဘက်မှာ ရှေးတုန်းက မစ်မက် အင်ဒီးယန်းတွေ မှော်ဆန်ဆန် ဖန်တီးထားတဲ့ လျှို့ဝှက် သင်္ချိုင်းဟောင်း တစ်ခုရှိတယ်။
အဘိုးကြီးဂျထ်က သေသွားတဲ့ ကြောင်လေးကို အဲဒီ ရှေးဟောင်းသင်္ချိုင်းမှာ သွားရောက် မြှုတ်နှံဖို့ လူးဝစ်ကိုတိုက်တွန်းရာက အစပြုပြီး ချောက်ချောက်ချားချား ထိတ်လန့်သည်းဖို ဖြစ်ရပ်တွေ ရင်ဆိုင်ကြုံတွေ့ ကြရပါတော့တယ်။
“သေခြင်းတရားဆိုတာ လျှို့ဝှက်ဆန်းကြယ်တယ်၊ မြေမြှုပ်သင်္ဂြိုဟ်တာကတော့ လျှို့ဝှက်ချက် တစ်ခုပါပဲ”
“သေခြင်းတရားနဲ့ပက်သက်ရင် သဘာဝကျတယ်ဆိုတာ မရှိဘူးဆိုတော့ ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆိုတိုင်းလည်း အကောင်း ဘယ်ဟုတ်ပါ့မလဲ”
Pet Sematary ခေါ် ဇော ဝတ္ထုဇာတ်လမ်းကို အပြည့်အဝခံစားဖို့ အတွက် အမေရိကန်ရိုးရာ ဒဏ္ဍာရီလာ ဝမ်ဒီဂိုး အပူးခံရတဲ့အကြောင်း၊ ရှင်ယောဟန် ခရစ်ဝင်ကျမ်းထဲက သေရာက ပြန်ရှင်လာတဲ့ လာဇရု အကြောင်းနဲ့ ဆရာကြီး ရွှေဥဒေါင်း မြန်မာမှု ပြုထားတဲ့ “လူခြောက်ကလေး” (W.W. Jacob ရေးတဲ့ Monkey’s Paw မျောက်လက်) စတာတွေ သိထားရင် ပိုကောင်းပါတယ်လို့ ဘာသာပြန်ဆရာ လင်းခန့် က ဆိုပါတယ်။
စာမျက်နှာ
560
စာအုပ်အရွယ်အစား
5.6 x 1.3 x 8.2 inches
ပုံနှိပ်မှတ်တမ်း
မဟာစာပေ၊ 2020၊ အောက်တိုဘာလ (ပ-အကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။