Cymbal

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Marching Band
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    Cymbal
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဘင်ခရာသုံး လင်းကွင်း

ဘင်ခရာတီးဝိုင်းသုံးလင်းကွင်း ( Cymbal ) ကို နှစ်ချပ်ပူးအနေဖြင့် တီးခတ်ကြသည်။လက်
ကိုင်နေရာတွင်ကြိုးကွင်းတပ်ပေးထားခြင်းဖြင့် လက်ကို ထိုကြိုးကွင်းအတွင်းစွပ်၍လွယ်ကူစွာတီး
ခတ်နိုင်သည်။ကြေးတူရိယာဖြစ်သော်လည်း အနောက်တိုင်းဂီတတွင် လင်းကွင်းကို Percussion တူ
ရိယာအမျိုးအစားတွင်သာ ထည့်သွင်းသည်။သံစဉ်ဖော်ကျူးနိုင်သည့် တူရိယာအမျိုးအစားမဟုတ်ဘဲ
စည်းဝါးနရီကိုသာ တီးခတ်ပေးသည့်တူရိယာဖြစ်သည်။

လင်းကွင်းတီးခတ်မှုတွင်ဘယ်အစွန်ဆုံးအနေအထားသည် အသင့်အနေအထားဖြစ်ပြီး ဒု
တိယအနေအထားကို A အနေအထားဟုခေါ်သည်။အင်္ဂလိပ်အက္ခရာA ကဲ့သို့သဏ္ဍာန်ဆင်တူသဖြင့်
ခေါ်ခြင်းဖြစ်သည်။ညာဖက်အစွန်မှ အနေအထားကို V အနေအထားဟုခေါ်သည်။Vနှင့်ဆင်၍ဖြစ်၏။
အထက်ပါ အနေအထားသည် A အနေအထား V အနေအထားနှင့် Set အနေအထားကို
ဖော်ပြပေးသည်။ဘင်ခရာတီးဝိုင်းဝင် လင်းကွင်း( Cymbal ) တီးခတ်သူသည် စည်းချက်ဝါးချက်များ
ကိုသာတီးခတ်ကြရသဖြင့် ကြာသော်ငြီးငွေ့လာနိုင်သဖြင့် တီးခတ်လေ့ကျင့်ချိန်များတွင်၎င်း၊လမ်း
လျှောက်ချီတက်ရာတွင်၎င်း ကိုယ်ဟန်အမျိုးမျိုး လှုပ်ရှားမှုများဖြင့် ပရိတ်သတ်ကို ဖျော်ဖြေတင်ဆက်
ပေးရသည်။
လင်းကွင်းကို အရှေ့ဖက်တွင်၎င်း၊ကိုယ်၏အနောက်ဖက်သို့လက်ပြန်ရိုက်၍သော်၎င်းတီး
ခတ်ကြရသလို တပ်မတော်သားတို့ချီတက်သည့်ဟန်အတိုင်း ခြေထောက်ရွှေ့လျားမှုများကို ပြုလုပ်
ပေးရသည်။အထူးသဖြင့် စာသင်ကျောင်းတစ်ကျောင်းတွင် ဘင်ခရာတီးဝိုင်းတစ်ခုရှိခြင်းကကျောင်း
၏ ဂီတအစွမ်းအစကို ဖော်ပြပေးနေသည်။
လင်းကွင်းတီးခတ်သူသည် နုတ်စ်များ၌ သူတီးရမည့်နေရာများအပြင် ထိုနုတ်စ်များ၏ပြင်း
အားကိုလည်း သိထားရမည်။မည်သည့်နေရာတွင် အားပျော့ပျော့တီး၍ မည်သည့်နေရာတွင်အား
ပြင်းပြင်းတီးရမည်ကို သိနေရမည်။

လက်အနေအထားများအတွက်သရုပ်ပြပုံများဖြစ်ပြီး အလယ်ပုံသည် လင်းကွင်းကိုလက်ဖ
ဝါးပြန်လှည့်ထားသည့်ပုံဖြစ်သည်။အချိန်ကြာလာသည်နှင့် အမျှ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တီး
ခတ်သူ၏ လက်အပြောင်းအလဲများဖြစ်သည်။
လင်းကွင်း၂ချပ်ကို ပွတ်တိုက်တီးခတ်ခြင်း

လင်းကွင်းတီးခတ်သူသည် တေးသီချင်း၏ သာမန်အပိုဒ်များတွင် အထက်ပါပုံတွင်မြင်ရ
သည့်အတိုင်း လင်းကွင်း၂ချပ်ကို အထက်အောက်ခပ်ဖွဖွပွတ်တိုက်တီးခတ်မှုမျိုးကို ပြုလုပ်ကြသည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730
;