ဘင်ခရာတီးဝိုင်းအတွက် Bass Drum
ဘင်ခရာတီးဝိုင်းသည် ကျောင်းဘင်ခရာတီးဝိုင်းမှသည်နိုင်ငံတော် ဘင်ခရာတီးဝိုင်းသို့တိုင်
ကျယ်ဝန်းလှပြီး ပါဝင်သော တူရိယာများမှာ လေမှုတ်တူရိယာများနှင့် ရိုက်ပုတ်တီးခတ်ရသော ဒရမ်
တူရိယာများအထိပါဝင်သည်။ဘင်ခရာတီးဝိုင်းသည် လမ်းလျှောက်ရင်းတီးခတ်ရသဖြင့် ဘင်ခရာတီး
ဝိုင်းတွင် ကြိုးတပ်တူရိယာများ ထည့်သွင်းမတီးခတ်ရခြေ။
အစုအဖွဲ့လိုက်တေးသီချင်းများကို တီးမှုတ်ရသဖြင့် ကိုယ့်အပိုင်းနှင့် ကိုယ်တာဝန်ယူတီး
ခတ်ကြရသည်။တူရိယာ တစ်ခုခြင်း တီးခတ်လေ့ကျင့်ရသလို အစုအဖွဲ့နှင့်လည်း ပေါင်းစပ်တီးခတ်
ကြရသည်။ဘင်ခရာတီးဝိုင်းတွင် ရှေ့ဖက်မှကျိုင်းကိုင်တွယ်ထားသူက တီးဝိုင်းအတွက် အရေးကြီး
သော သံစဉ်အလှည့်အပြောင်းများကို သူ၏ကျိုင်းတံဖြင့် ဖော်ပြပေးပြီး အခန်းအနားများတွင် ပန်းမွှား
ကြိုးများဖြင့်တူရိယာများကို တန်ဆာဆင်ထားရသည်။
ဝတ်စုံပြည့်ချီတက်တီးခတ်မှုများကို လူအများက ရင်သပ်ရှုမောလေ့ရှိသည်။ဘေ့စ်ဒရမ်ကို
ဘေ့စ်ဒရမ် တုတ်ချောင်းဖြင့် တီးခတ်ရပြီး ဘယ်ညာစုံတွဲဖြင့်တီးရသည်။
ကလေးများအတွက် အတန်ငယ်လေးသော ဒရမ်ဖြစ်ပြီး ပခုံးတွင် ကြိုးဖြင့်၎င်း၊ချိတ်ဖြင့်၎င်း
ချိတ်၍လမ်းလျှောက်တီးခတ်ရသော တူရိယာဖြစ်သဖြင့် အလွန်ငယ်ရွယ်သူကလေးများနှင့် မသင့်
တော်ခြေ။အနည်းဆုံး အလယ်တန်းအဆင့် ကလေးများနှင့်သာ သင့်တော်ပြီး အရပ်မြင့်ပြီးထွားကျိုင်း
သော ကလေးများနှင့် ပိုမိုသင့်တော်သည်။
တီးခတ်သံသည် အလွန်ကျယ်သဖြင့် မည်သည့် လျှပ်စစ်ကရိယာအကူအညီမှမလိုအပ်ဘဲ
သဘာဝအသံအတိုင်း တီးခတ်ကြလေ့ရှိသည်။
Drum stick ကိုလက်ဖြင့် လက်သီးဆုပ်ဟန်ဆုပ်ကိုင်ထားပြီး တုတ်တံကို ၉၀ဒီဂရီခန့်ဘေး
တိုက်အနေအထားမှသည် သားရေပြားပေါ်သို့ရိုက်ခတ်တီးခတ်ရမည်ဖြစ်သည်။လက်အနေအထား
မှားယွင်းပါက လက်ချောင်းညောင်းညာကိုက်ခဲလေ့ရှိပြီး ပုံသဏ္ဍာန်မှန်ပါက အချိန်ကြာကြာ လွယ်ကူ
စွာ သက်တောင့်သက်သာစွာ တီးခတ်နိုင်မည်ဖြစ်သည်။
လေ့ကျင့်ခန်းများမှာလွယ်ကူလှပါသည်။အထူးသဖြင့် ဘေ့စ်ဒရမ်တီးခတ်မည့်သူနှင့် ဘင်ခ
ရာတီးဝိုင်း အဖွဲ့သားအားလုံးသည် နုတ်စ်ကို ကျွမ်းကျင်စွာ တတ်မြောက်နေရမည်ဖြစ်ပြီး မိမိအပိုင်း
ကို မိမိပိုင်နိုင်စွာတီးခတ်နိုင်ရမည်။လမ်းလျှောက်ချီတက် တီးမှုတ်ရာတွင် နုတ်စ်စာရွက်များကို ထည့်
သွင်းယူဆောင်သွားရန် မလိုအပ်ဘဲ ကျေညက်နေသော သီချင်းများကို စနစ်ကျစွာ တီးခတ်နိုင်ဖို့
သာ အရေးကြီးသည်။
ဘေ့စ်ဒရမ်အတွက် လေ့ကျင့်ခန်းများ
ex.1
Left Left Left Left
1 2 3 4
ex.2
Rihgh Right Right Right
1 2 3 4
ex.3
L R L R
1 2 3 4
ex.4
L 0 0 0 ( 0 သင်္ကေတသည်မတီးရ သင်္ကေတဖြစ်သည်)
1 2 3 4
ex.5
R 0 0 0
1 2 3 4
ex.6
L 0 L 0
1 2 3 4
ex.7
R 0 R 0
1 2 3 4
ex.8
RR LL RR LL
1 2 3 4
LL RR LL RR
1 2 3 4
ex.9
LLLL RRRR LLLL RRRR
1 2 3 4
LRLR LRLR LRLR LRLR
1 2 3 4
-

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။