Dr.Face Tea Tree Makeup Remover Cleansing Wipes #Review
ဖြိုးပလို့ မိတ်ကပ်အမြဲလိမ်းတဲ့သူ တစ်ယောက်အနေနဲ့ Cleansing Wipes တွေကို သုံးဖြစ်တယ်လေ။ ဖြိုးပဆယ်ကျော်သက်ဘ၀ထဲက အခုထိဆို Brand တော်တော်များများး သုံးဖူးပါတယ်။ Makeup Remover Wipes လေးတွေကို အရမ်းကြိုက်တယ်ဆိုတာက တခါတရံ အရမ်းပျင်းနေတဲ့ ရက်တွေ ပင်ပန်းတဲ့ရက်တွေ ခရီးသွားတဲ့အခါတွေမှာ သူကတော်တော်လေး အလုပ်ဖြစ်တာကြောင့်ပါ။
Makeup-Removing/cleansing wipes တော်တော်များများသုံးဖူးတဲ့အထဲ ဖြိုးပအသားရေနဲ့ ကိုက်ညီတာတွေလဲ ရှိသလို စပ်ဖျင်းပြီး ဒုက္ခရောက်ဖူးတာတွေလဲရှိတာပေါ့။
အခုတော့ လက်တလော LIVE လေးထဲမှာလဲ ပြောပြထားးတဲ့ သဘောကျတဲ့ cleansing wipes လေးကတော့ Dr.Face ရဲ့Tea Tree Makeup Remover Cleansing Wipes ပဲဖြစ်ပါတယ်နော်။
Dr.Face ရဲ့ Tea Tree Makeup Remove Wipes လေးက ဈေးကတော်တော် သက်သာတဲ့အပြင် မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ရာမှာတော်တော်လေးး ထိရောက်မှုရှိပါတယ်။
ဖြိုးပကြိုက်တဲ့အချက်လေးတွေက
✅ သူရဲ့ ထုတ်ပိုးမှုပုံစံလေးးနဲ့ အတူ လေလုံအောင် သေချာသိမ်းထားလို့ရတယ် အထဲမှာ အခု ၃၀ ပါပြီးတော့ အဝါရောင် အထုတ်လေးပါ။
✅ Tea Tree (လက်ဖက်စိမ်း) နဲ့ပါဝင်ထုတ်ထားးတာဆိုတော့ ဖြိုးပတို့လို့ ၀က်ခြံထွက်တက်သူတွေနဲ့ ပိုးဝင်ရင် အလွယ်တကူ Allergic ထသူလေးတွေရွေးချယ်သင့်ပါတယ်။
✅ Makeup Remover + Skin Care ဖြစ်တာကြောင့် သုံးလိုက်ရင် ချေးချွတ်ပြီး အသားခြောက်သွားးတာမျိုးတွေမဟုတ်ပဲ အစိုထိန်းထားနိုင်တယ်။
✅ တခါတလေ လူကလည်း တနေကုန် ပင်ပန်းထားတော့ မျက်နှာမသစ်ချင်တော့ဘဲ ထသစ်ရမှာ ပျင်းနေတဲ့အခါဆိုရင်လည်း ဒီ Dr.Face Tea Tree Makeup Remover Wipes လေးးသုံးပြုပြီး အိပ်လိုက်လို့ရပါပီ်
✅ ဖြိုးပက Full Makeup မိတ်ကပ် heavy လိမ်းထားရင်တော့ မျက်နှာပါထပ်သစ်ပေးဖို့ သတိပေးချင်ပါတယ်။
✅ ပုံမှန် Daily မိတ်ကပ် လိမ်းတဲ့သူတွေ အနေနဲ့လဲ သုံးလို့ရသလို သူက Waterproof eyeliner လဲပျက်တယ် Mascara နဲ့ Foundation လက်ကျန်တွေနဲ့ မိတ်ကပ်တွေဖျက်ပေးနိုင်ပါတယ်. ဖြိုးပကတော့ ၂ ရွက်လောက်သုံးဖြစ်တယ်။ အာ့ဆို တစ်မျက်နာလုံးပြောင်တယ်လေ။
✅ Wet Tissue သားအနေနဲ့ လဲကြမ်းတမ်းမှုမရှိလို့ သုံးပြီးရင် အသားစပ်ဖျင်းဖျင်း မဖြစ်စေရဘူးနော်.
✅ ဖြိုးပ ခုချိန်ထိသုံးကြည့်ရ သလောက် Dr.Face Makeup Remover လေး အနေနဲ့ breakout ဖြစ်တာ လုံးဝမရှိခဲ့ဘူးနော်.
✅ Alcohol Free, Paraben Free နဲ့ Sensitive Skin တွေကအစ ရွေးချယ်နိုင်တယ်။
✅ အနံ့ကတော့ Tea Tree နံ့လေးနဲ့ဆိုတော့ သုံးတဲ့အခါလဲ စိတ်လန်းဆန်းစေတယ်။ ပိုးသေစေတယ်၊ Face, neck, body တွေကိုပါ သုံးလို့သင့်တော်ပြီးတော့ မိတ်ကပ် အဆီနဲ့ ချေးတွေကိုပါ ထိထိရောက်ရောက်ဖယ်ပေးနိုင်လို့ ဖြိုးပကတော့ မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်း အသားရေသန့်အောင်နဲ့ ပိုးသေအောင် ညတိုင်းသုံးပေးပါတယ်။
✅ အမျိုးသားရော အမျိုးသမီးလေးတွေပါ သုံးနိုင်ပြီး လိုသလို သုံးနိုင် အိတ်ထဲဆောင်သွားနိုင်ပြီး Travel Friendly နော်
Dr.Face Tea Tree Makeup Remover Cleansing

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။