dell inspiron 5491 (i7)

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Dell
  • ဈေးနှုန်း
    1,029 MMK
  • ရရှိနိုင်မှု
    5 In Stock
  • အမှတ်တံဆိပ်
  • မော်ဒယ်
    Inspiron 5491 (i7)
  • ကုန်ပစ္စည်းမူလနိုင်ငံ
    USA
  • အာမခံ (ဝန်ဆောင်မှု)
    1Year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
    KMD
ကုန်ပစ္စည်းအကြောင်းအရာ :

Laptop လိုရော တက်ဘလက်တစ်လုံးလိုပါ အသုံးပြုနိုင်တဲ့ Dell Inspiron 5491-T (2 in 1) Laptop ဖြစ်ပါတယ်။ System ပိုင်းမှာတပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် i7-10th Gen Processor က ဘယ်လိုလုပ်ငန်းသုံးဆော့ဖ်ဝဲမျိုးကိုမဆို သွက်သွက်လက်လက် အသုံးပြုနိုင်မဲ့ Processor တစ်လုံးပဲ ဖြစ်ပါတယ်။ မြင်ကွင်းကျယ်ကျယ်နဲ့ အသုံးပြုနိုင်ဖို့အတွက် မျက်နှာပြင်ကို 15.6″ အရွယ်အစားနဲ့ ထုတ်လုပ်ထားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်နဲ့အသုံးပြုနိုင်ဖို့ Full HD Resolution ရရှိအောင် ပြုလုပ်ပေးထားပါတယ်။ “Touch” မျက်နှာပြင်အမျိုးအစားဖြစ်တဲ့အတွက် Note မှတ်တာ၊ ပုံဆွဲတာ အစရှိတဲ့ လုပ်ဆောင်ချက်တွေကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ပြီး တက်ဘလက်တစ်လုံးလို သွက်သွက်လက်လက် အသုံးပြုနိုင်စေမှာပါ။ ပရော်ဖက်ရှင်နယ်သုံး ဆော့ဖ်ဝဲတွေကို သွက်သွက်လက်လက်နဲ့ တပြိုင်နက် အသုံးပြုနိုင်အောင် CPU ကို ကူညီပေးဖို့ RAM 8GB(DDR4, 2666MHz) ကို တပ်ဆင်ပေးထားပါတယ်။ RAM Slot အလွတ်ပါဝင်တဲ့အတွက် နောက်ပိုင်းမှာ RAM Upgrade ပြုလုပ်ချင်တယ်ဆိုရင်လည်း လွယ်ကူမှာဖြစ်ပြီး စုစုပေါင်း 16GB အထိ Upgrade လုပ်နိုင်ပါတယ်။ ဂရပ်ဖစ်အတွက် တပ်ဆင်ပေးထားတဲ့ NVIDIA GeForce MX230 ဂရပ်ဖစ်ကတ်က သီးသန့် ‘Dedicated’ ဂရပ်ဖစ်ကတ်အမျိုးအစား ဖြစ်ပြီး ကိုယ်ပိုင် RAM နဲ့ အလုပ်လုပ်တဲ့အတွက် Laptop ရဲ့ မူလ RAM ကို အပြည့်အဝအသုံးပြုနိုင်စေမှာပါ။ PC GAME တွေနဲ့ ဓာတ်ပုံ/ဗီဒီယို Editing ဆော့ဖ်ဝဲတွေကို အသုံးပြုချိန်မှာ သမာရိုးကျ Integrated ဂရပ်ဖစ်တွေထက် စွမ်းဆောင်ရည် (၂.၆) ဆ အထိ မြန်ဆန်နိုင်တဲ့ ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။ HDD ထက် အကြမ်းခံပြီး အသံဆူညံမှုနည်းပါးသလို ဒေတာ Speed ပိုမိုမြန်ဆန်တဲ့ SSD 512GB ကို တပ်ဆင်ပေးထားတာကြောင့် Window Loading က စက္ကန့်ပိုင်းပဲ ကြာမြင့်ပြီး ဆော့ဖ်ဝဲလုပ်ဆောင်ချက်တွေက ပေါ့ပါးသွက်လက်နေမှာပါ။ OS အတွက် Windows 10 Home ကိုတပါတည်း ထည့်သွင်းပေးထားတာကြောင့် Cracked Version တွေအသုံးပြုတဲ့အခါမှာ ဖြစ်တတ်တဲ့ Window Update Error တွေအတွက် စိတ်ညစ်ဖို့ မလိုတော့ပါဘူး။ ဘတ္ထရီအတွက် 3Cell ဘတ္ထရီကို ထည့်သွင်းပေးထားပါတယ်။ DVD Drive တော့ မပါဝင်ပါဘူး။ အရောင်ကွဲအနေနဲ့ မီးခိုးရောင်နှင့် ငွေမှင်ရောင် တို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ မိမိရဲ့ Laptop လေးကို စတိုင်ကျကျသယ်ဆောင်သွားနိုင်ဖို့အတွက် Dell Original Bag အိတ်တစ်လုံးကို လက်ဆောင် ထည့်သွင်းပေးထားပြီး Dell Mouse တစ်လုံးလည်း ပါဝင်ပါတယ်။ အာမခံတစ်နှစ် ပေးထားပါတယ်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

Weight -1.67 kg
Dimensions -232.80 × 328 × 19.74 mm
Brand -Dell
Color -Gray
Display Size -15.6"
Display Type -Touch
Resolution -1920 x 1080
CPU -Intel Core i7
CPU Generation -10th Gen
Graphics -nvidia GeForce MX 230
Memory (RAM) -8 GB
Solid State Capacity -512 GB
Storage Type -SSD
Operating System -Windows 10 Home

ပါဝင်သည့်ပစ္စည်းများ :

Laptop/ Mouse/ Box/ Mouse Pad

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950