HP Brand ထဲကမှ ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ရုံးသုံး၊ တစ်ကိုယ်ရည်သုံး Laptop ကို ရှာနေတယ်ဆိုရင် ဒီ HP 15s-du2100TU Laptop ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 15.6” အရွယ်အစားနဲ့ မျက်နှာပြင်ကျယ်ကျယ်ဝန်းဝန်း ထုတ်လုပ်ထားတဲ့အတွက် ရုံးသုံးဖို့ ကောင်းမွန်တဲ့ Laptop တစ်လုံးဖြစ်ပြီး မျက်နှာပြင် Resolution က HD (1366×768) resolution ဖြစ်ပါတယ်။ ရုံးသုံးဆော့ဖ်ဝဲတွေနဲ့ အခြားတစ်ကိုယ်ရည်သုံးဆော့ဖ်ဝဲတွေအားလုံးကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် CPU အမြန်နှုန်း 3.4GHz အထိရရှိနိုင်တဲ့ i3-1005G1 Processor က မောင်းနှင်ပေးမှာပါ။ ဆော့ဖ်ဝဲတွေကို တပြိုင်နက်အသုံးပြုနိုင်အောင် DDR4 RAM 4GB ကို ထည့်သွင်းပေးထားပါတယ်။ RAM အသုံးပြုမှုမြင့်တဲ့ Software တွေကို အသုံးပြုရလို့ RAM ထပ်တိုးချင်တယ်ဆိုရင်လည်း Slot အလွတ်တစ်ခု ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒေတာတွေ အမြောက်အများသိမ်းဆည်းနိုင်ဖို့ HDD 1TB ကို ထည့်သွင်းပေးထားပြီး M.2 SSD ကိုလည်း ထောက်ပံ့ပေးထားတာကြောင့် SSD ထပ်မံထည့်သွင်းပြီး Hybrid Drive ပုံစံနဲ့ ပိုမိုမြန်ဆန်သွက်လက်တဲ့ Laptop အဖြစ် Upgrade ပြုလုပ်နိုင်ပါတယ်။ ဂရပ်ပိုင်းအတွက် Intel UHD Graphics ကို ထည့်သွင်းပေးထားပြီး ပုံမှန်ဆော့ဖ်ဝဲအသုံးပြုမှုတွေအားလုံးအတွက် အဆင်ပြေမှာပါ။ အခြားတွဲဖက်ပစ္စည်းတွေနဲ့ချိတ်ဆက်အသုံးပြုနိုင်ဖို့ USB 3.1 Ports တွေအပြင် USB Type-C လည်း ပါဝင်ပါတယ်။ ကြည်လင်တဲ့ရုပ်ထွက်/အသံနဲ့ Video Conferencing ပြုလုပ်နိုင်ဖို့ HP ရဲ့ True Vision HD Camera ကိုလည်း တပ်ဆင်ပေးထားပါတယ်။ DVD Drive မပါဝင်ပါဘူး။ ဘတ္ထရီအတွက်ကိုတော့ 3 Cell Battery အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။
Brand :HP
Color :Black
Display Size :15.6"
CPU :Intel Core i3
CPU Generation :10th Gen
Graphics :Intel UHD Graphics
Memory (RAM) :4 GB
Hard Drive Capacity :1 TB
Weight : 1.77kg
Laptop/ Box/ Mouse/ Mouse Pad

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။