ယခုစာအုပ်သည် ဥရောပအရှေ့အလယ်ပိုင်းရှိ အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်သော ချက်ကိုစလိုဗက်ကီးယားနိုင်ငံက ပြည်သူတွေအကြောင်းဖြစ်သည်။ တစ်နည်းအားဖြင့် ထိုနိုင်ငံ၏ အာဏာရှင်စနစ်ကိုမြေမြှပ်သဂြိုလ်ခဲ့သော…။ ကမ္ဘာ့သမိုင်းဖြစ်စဉ်ကြီးထဲမှ ဖယ်ရှားခဲ့သော အာဏာမဲ့နိုင်ငံသားတို့၏ရုန်းကန်မှုဖြစ်သည်။ ထို့ပြင် လူတန်းစားသစ် ဟူသည့် စာမူကိုလည်း ထပ်မံထည့်သွင်းဖော်ပြထားပါတယ်။ ၁၉၁၇ မဟာအောက်တိုဘာ တော်လှန်ရေးကြီးဖြင့် ပြည်သူ့အာဏာကိုတည်ဆောက်ခဲ့သည်ဆိုသော ဆိုဗီယက်ကွန်မြူနစ် ပါတီကြီးအတွင်း၌ပင်လျှင် ပါတီနုပျိုစဉ်ကတည်းကလူတန်းစားသစ်ဆိုသော အချောင်သမားများပါတီတွင်းသို့ မည်သို့စိမ့်ဝင်လာပုံ၊ကွန်မြူနစ်ပါတီ အာဏာရလာသည့်အခါ ပါတီ၏ဗျူရိုကရေစီယန္တယားထဲ ၎င်းတို့ဝင်ရောက်နေရာယူလာပုံ၊ထို့နောက် အစိုးရယန္တယားထဲထိ ဝင်ရောက်နေရာယူပြီး ကိုယ်ကျိုးရှာပုံကို ပြည့်ပြည့်စုံစုံတင်ပြထားပါတယ်။
စာမျက်နှာ
335
စာအုပ်အရွယ်အစား
5.2 x 0.5 x8.1 inches
ပုံနှိပ်မှတ်တမ်း
ယဉ်မျိုးစာပေ၊ 2019ခုနှစ် ၊ဒီဇင်ဘာလ

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။