သင်ခန်းစာက… ဘယ်တော့မဆို မင်းတို့ကို ချောင်ပိတ်တဲ့ကိစ္စတွေလာလိမ့်မယ်။ ဘ၀မှာနှစ်ခုကိုရွေးပြီး တစ်ခုပဲရမယ်ဆို တတိယတစ်မျိုးကို အမြဲတမ်းစဉ်းစား (စာ-၆၂)
ဦးဦးပြောတိုင်းလည်း ဘယ်တော့မှ မယုံနဲ့နော်။ ဦးဦးပြောတာနဲ့ ဆန့်ကျင်ဘက်တွေကိုလည်း အမြဲတမ်းတွေးပါ။ ဒါကိုလိုချင်တယ်။ ဒီနေ့က… ပြောသမျှယုံတဲ့ကလေးမျိုးကို လိုချင်တာမဟုတ်ဘူး.. (စာ-၄၉)
”အနာဂတ်လူငယ်များနှင့် ပညာရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် ဆရာမင်းကိုနိုင်၏ မိန့်ခွန်းဟောပြောချက်များ စုစည်းထုတ်ဝေထားပါသည်။ ပညာရေး၊ အနာဂတ်အရေး၊ လူမှုပြုပြင်ပြောင်းလဲရေး အတွေးအမြင်သစ်များနှင့် လူငယ်တို့အတွက် ဘ၀လမ်းညွှန်အတွေးအမြင်များကို တွေးမျှော်ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာမျက်နှာ
96
စာအုပ်အရွယ်အစား
5.3 x 0.25 x 8.2 inches
ပုံနှိပ်မှတ်တမ်း
မိတ်ဆွေများစာပေ၊ 2020 ဩဂုတ်လ၊ (ပ-အကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။