သွေးနှင့်ပတ်သက်၍ မျက်စိဖွင့်ပေးမည့် စာအုပ်။
မပြောအပ်၊ မဆိုအပ်ဟု တားမြစ်ထားရမည့် စွမ်းအားကြီးမားသော သွေးဆိုသည့်အရာ။ အသက်ကယ်နိုင်သည့် အရာ။ စိန်ရွှေရေနံတို့ထက် တန်ဖိုးကြီးသည့် ရတနာ။
အံ့သြဘနန်းဖြစ်စေနိုင်မည့် အလားအလာရှိသော သိပ္ပံနည်းပညာ…။
သွေးသည် အသုံးမကျသော ဘေးထွက်ပစ္စည်းတစ်ခုဖြစ်နိုင်သလို ရေနံထက် ပိုမိုတန်ဖိုးကြီးသော ကုန်စည်တစ်ခုလည်း ဖြစ်နိုင်သည်။ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို သေစေနိုင်သော ရောဂါပိုးများကိုလည်း ကူးစက်စေနိုင်သည်။ လူတစ်ယောက်စီတွင် ယေဘုယျအားဖြင့် သွေးကိုးပိုင့်ခန့်ရှိကြသည်။ သို့တိုင် ကိုယ့်သွေးအုပ်စု ကိုယ်မသိသည့်သူက ခပ်များများရယ်။ အမျိုးသမီး သန်းရှစ်ရာတို့ လစဉ်ဆင်းနေသည့် အနည်းငယ်ပမာဏသော ရာသီသွေးသည် ယခုချိန်အထိ မတို့မထိ မပြောမဆိုကောင်းသော အရာအဖြစ် သတ်မှတ်ပုံဖော်ထားနေကြဆဲ။ ရာသီလာခြင်းသည် မကောင်းဆိုးဝါးအဖြစ် ပုံဖျက်ခံရဆုံး ဇီဝဖြစ်စဉ်တစ်ခုဟု ဆိုကောင်းဆိုနိုင်မည်။
ယခုစာအုပ်တွင် ရှေးရိုးရာ သွေးဖောက်ထုတ်ပစ်ခြင်းမှသည် ကင်ဆာနှင့်အခြားရောဂါများကို သွေးစစ်ရုံမျှဖြင့် (သူ့စကားအရဆိုလျှင် “အရည် အသားစ”) ရောဂါရှာနိုင်မည့် အလားအလာရှိသော တီထွင်ဆန်းသစ်မှုများအထိ စာရေးသူ ရို့စ်ဂျော့က ကျွန်တော်တို့ကို ခေါ်ဆောင်သွားသည်။
လူအများအပြား လှူဒါန်းသော သွေးလှူစနစ်နှင့် စေတနာသွေးလှူစနစ်တို့ကို ကမ္ဘာတွင် ဦးဆောင်ခဲ့သည့် ဒေါက်တာဂျက်နက်နှင့် မစ္စတာပါစီတို့ကိုလည်း သူမက မိတ်ဆက်ပေးထားသည်။ ပက်မန်း (Padman)ဟု ကျော်ကြားသော မစ္စတာ မူရူဂါနန်သန်နှင့်အတူ သူ့တီထွင်မှုဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုဖို့ ရာသီခံပက်များအကြောင်း ခရီးကို ရင်သပ်ရှုမော အတူစီးမျော သွားစေသည်။ အမေရိကန်နိုင်ငံကို ‘သွေးရည်ကြည်များအတွက် အိုပက်’ဟု သိကြသည့်အကြောင်း၊ မက်မောလောက်စရာ သွေးရည်ကြည်လုပ်ငန်းအကြောင်းကို သူမက တို့ထိသွားသေးသည်။
ကျွန်တော်တို့လို လူဦးရေကလည်း အသင့်အတင့်ရှိ၊ ဖွံ့ဖြိုးဆဲနိုင်ငံ လည်း ဖြစ်သော မြန်မာနိုင်ငံအတွက် သွေးရည်ကြည်နှင့် ဆင့်ပွားထုတ်ကုန်များ၏ အနာဂတ်အလားအလာသည် အလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထို့ပြင် သုတေသနသမားများ အသည်းအသန် ကြိုးစားနေသည့် လူလုပ်သွေးများ ရရှိလာနိုင်သည့် အနာဂတ်ကို သူမက မြင်ယောင်ကြည့်ထားသေးသည်။
သိပ္ပံ၊ နိုင်ငံရေး၊ ဇာတ်လမ်းများနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါများကို ရောမွှေထားသည့် “သွေးသည်အသက်”ဆိုသည့်စာအုပ်ကို ဖတ်ပြီးသည့်အခါ သွေးအပေါ် သင့်အမြင် ပြောင်းသွားလိမ့်မည်။
စာမျက်နှာ :524
စာအုပ််အရွယ်အစား :5.5 x 1.3 x 8.2 inches
ပုံနှိပ်မှတ်တမ်း :မဟာစာပေ၊ 2020၊ ဩဂုတ်လ (ပ-အကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။