ခရမ်းပြာလက်တစ်စုံနဲ့ ရင်ခုန်ခွင့်ရသော နေ့ရက်များ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ကဗျာနှင့်အက်ဆေးစာအုပ်များ
  • ဈေးနှုန်း
    3,000 MMK / pcs
  • ရရှိနိုင်မှု
    5 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

“ခရမ်းပြာလက်တစ်စုံနဲ့ ရင်ခုန်ခွင့်ရသောနေ့ရက်များ…”က ချစ်သူတို့ရဲ့ မြိုသိပ်မှုကို နှစ်သိမ့်ပေးတဲ့ အက်ဆေးနဲ့ ကဗျာအပိုင်းအစ တစ်ချို့ပါပဲ…။
စကားတွေပြောနေရတာထက် စကားလုံးတွေကင်းမဲ့စွာ တစိမ့်စိမ့် ထိုင်ကြည့်ရင်း ဆွတ်ပျံ့ကြည်နူးမှုကို ခံစားနေရတာ ပိုပြီးနှစ်လိုဖွယ်ကောင်းတဲ့အချိန်တွေ ကြုံဖူးကြမှာပါ။ ဆိုရပါရင်… တိတ်ဆိတ်စွာ တစ်မွှာချင်းရဲ့ရသကို ထက်အောက်စုန်ဆန် စီးမျောလိုက်ပါနေမှသိနိုင်မယ့် ချိုမြိန်မှုအကြောင်း စကားလုံးတွေနဲ့ပြောပြပါလို့ တောင်းဆိုတဲ့အခါ… “ရသကဲ အနုပညာပစ္စည်းတစ်ခု” အတွက် အားနာစရာကောင်းတယ်လို့ ခံစားရပါတယ်။
တကယ်တော့ တစ်စုံတစ်ရပ်သောနှလုံးသားကို စူးနစ်တဲ့ထိတွေ့မှုတစ်ခု ဖြတ်သန်းခံရပြီဆိုရင် နှုတ်ခမ်းဆိုတာ အသုံးမဝင်တော့ပါဘူး…။ အားနာနာနဲ့ပဲ ကျွန်တော်ပြောပါဦးမယ်။ ပထမဆုံးစာမျက်နှာက “နှလုံးသား ရဲ့ကျန်းမာရေးအတွက် အမုန်းတရားကိုချမ်းသာပေးလိုက်ပါ…တဲ့။”

အမှောင်ချထားလည်း
ရောင်စုံမီးစများရဲ့ချယ်လှယ်မှုက
အရွယ်နုနု ဘဝကြမ်းကြမ်း
ဓနလမ်းကိုရွေးလျှောက်နေတဲ့ မင်းအတွက်
အတက်လွယ်သလောက် အဆင်းခက်တယ်ဆိုတာ…
မင်းခန္ဓာကောက်ကြောင်းတွေကို မေးသင့်တယ်
#နေသွင်

“မေသော်” ဆိုတဲ့မိန်းကလေးတစ်ဦး…။
ပြီးတော့…
မသွေးဘဲထားတဲ့ဓားကိုဆုတ်မိပြီး
ယုတ္တိမတန်လွန်းတဲ့ မင်းရဲ့နှလုံးသားကို
ပါးပါးလှီးဖြတ်ချင်ရုံလေးပါ…မေသော်….။ (စာ-၂၁)
ဆိုတဲ့…အစွဲအလမ်းကိုကိုးကွယ်တဲ့ ယောကျာ်းလေးတစ်ဦး…။

သူတို့ရဲ့ စိတ်အလျဉ်တွေကို ဘယ်ဝေါဟာရတွေက ပြည့်စုံအောင် ပြောပြနိုင်မှာလဲ။ ပြောပြခဲ့တယ်ဆိုရင်တောင် လူသိရှင်ကြား ဟစ်ကြွေးရမှာ မဟုတ်ပါဘူး။ သူကလည်း
“သက်ကယ်ရိုးနဲ့ခေါင်းလာင်းထိုး”ထားတယ်ဆိုတာ သိပါတယ်။ အဲဒီ သက်ကယ်ရိုးသံ မူရင်းကိုမှီအောင်ပဲ ဘယ်မိတ္တူက စွမ်းနိုင်မှာလဲ။ စွမ်းနိုင်တယ်ဆိုရင် ဒါက လိမ်တာပါ။ သိပ်ချစ်တတ်တယ် ဆိုရင်တော့ ဒီစာမျက်နှာကိုကျော်သွားပြီး မေသော်နဲ့သာတွေ့လိုက်ပါ…။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

စာမျက်နှာ :139

စာအုပ်အရွယ်အစား :5.2 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း :အောင်မြင်စာပေ၊ 2020 ဩဂုတ်လ၊ (ပ-ကြိမ်)

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950